ငွေဖြည့်သုံး ဖုန်းအင်တာနက်အစီအစဉ် ပြောင်းလဲမှုဆိုင်ရာ ကြေညာချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

မြန်မာနက်အနေဖြင့် နိုင်ငံခြားငွေကြေးအပြောင်းအလဲများကြောင့် စက်ကိရိယာများနှင့် ကုန်ကြမ်းများ၏ဈေးနှုန်းများ၊ အထွေထွေကုန်ကျစရိတ်များ မြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိရာ မလွဲမရှောင်သာ၍ ငွေဖြည့်သုံးဖုန်းအင်တာနက်အစီအစဉ်အချို့၏ ဈေးနှုန်းများအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး အောက်ပါအတိုင်း ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်။ ၄ ရက် အဝသုံး – ၁၀၀၀ ကျပ် ၂၅ ရက် အဝသုံး – ၅၀၀၀ ကျပ် အခြေအနေအရပ်ရပ်ကို နားလည်ပေးပြီး မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။