အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

မြန်မာနက်အနေဖြင့် စက်ကိရိယာများနှင့် ကုန်ကြမ်းများ၏ဈေးနှုန်းများ၊ အထွေထွေကုန်ကျစရိတ်များ မြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိရာ ထိုကုန်ကျစရိတ်များကာမိစေရန် မလွဲမရှောင်သာ၍ အင်တာနက်အစီအစဉ်အချို့၏ ဈေးနှုန်းများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလစဉ်ကြေးမှ စတင်၍ ကျပ် ၁,၀၀၀ စီ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနက်သည် အသုံးပြုသူများအတွက် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိရာ ဈေးနှုန်းပြောင်းလဲထားသည့် အင်တာနက်အစီအစဉ်တိုင်းအတွက် အင်တာနက် မြန်နှုန်းများကို တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ အခြေအနေအရပ်ရပ်ကို နားလည်ပေးပြီး မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။

မြန်မာနက် အင်တာနက် အစီအစဉ်
၁၁,၅၀၀ ကျပ် – မြန်နှုန်း 3.8 Mbps
(ယခင် ၁၀,၅၀၀ ကျပ် – 3.7 Mbps)
၁၃,၀၀၀ ကျပ် – မြန်နှုန်း 5.5 Mbps
(ယခင် ၁၂,၀၀၀ ကျပ် – 5.3 Mbps)
၁၅,၀၀၀ ကျပ် – မြန်နှုန်း 7.2 Mbps
(ယခင် ၁၄,၀၀၀ ကျပ် – 7 Mbps)
၁၇,၀၀၀ ကျပ် – မြန်နှုန်း 9 Mbps
(ယခင် ၁၆,၀၀၀ ကျပ် – 8.6 Mbps)

မြန်မာနက် Plus အင်တာနက် အစီအစဉ်
၂၀,၀၀၀ ကျပ် – မြန်နှုန်း 12.5 Mbps
(ယခင် ၁၉,၀၀၀ ကျပ် – 12 Mbps)
၂၄,၀၀၀ ကျပ် – မြန်နှုန်း 16.5 Mbps
(ယခင် ၂၃,၀၀၀ ကျပ် – 16 Mbps)
၂၇,၀၀၀ ကျပ် – မြန်နှုန်း 23 Mbps
(ယခင် ၂၆,၀၀၀ ကျပ် – 22 Mbps)
၃၂,၀၀၀ ကျပ် – မြန်နှုန်း 28 Mbps
(ယခင် ၃၂,၀၀၀ ကျပ် – 27.1 Mbps)

မြန်မာနက် လုပ်ငန်းသုံး အင်တာနက် အစီအစဉ်
၂၇,၀၀၀ ကျပ် – မြန်နှုန်း 16.2 Mbps
(ယခင် ၂၆,၀၀၀ ကျပ် – 16 Mbps)
၃၂,၀၀၀ ကျပ် – မြန်နှုန်း 19.5 Mbps
(ယခင် ၃၀,၀၀၀ ကျပ် – 18 Mbps)