မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …
မြန်မာနက်အနေဖြင့် နိုင်ငံခြားငွေကြေးအပြောင်းအလဲများကြောင့် စက်ကိရိယာများနှင့် ကုန်ကြမ်းများ၏ဈေးနှုန်းများ၊ အထွေထွေကုန်ကျစရိတ်များ မြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိရာ ထိုကုန်ကျစရိတ်များကာမိစေရန် မလွဲမရှောင်သာ၍ အင်တာနက်အစီအစဉ်အချို့၏ ဈေးနှုန်းများအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ကျပ် ၁၀၀၀ စီ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်။
မြန်မာနက်သည် အသုံးပြုသူများအတွက် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိရာ ဈေးနှုန်းပြောင်းလဲထားသည့် အင်တာနက်အစီအစဉ်တိုင်းအတွက် အင်တာနက် မြန်နှုန်းများကို တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ အခြေအနေအရပ်ရပ်ကို နားလည်ပေးပြီး မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။
မြန်မာနက် အစီအစဉ်
၁၀,၅၀၀ ကျပ် – မြန်နှုန်း 3.7 Mbps
(ယခင် ၉,၅၀၀ ကျပ် – 3.5 Mbps)
၁၂,၀၀၀ ကျပ် – မြန်နှုန်း 5.3 Mbps
(ယခင် ၁၁,၀၀၀ ကျပ် – 5 Mbps)
၁၄,၀၀၀ ကျပ် – မြန်နှုန်း 7 Mbps
(ယခင် ၁၃,၀၀၀ ကျပ် – 6.5 Mbps)
၁၆,၀၀၀ ကျပ် – မြန်နှုန်း 8.6 Mbps
(ယခင် ၁၅,၀၀၀ ကျပ် – 8 Mbps)
မြန်မာနက် Plus အစီအစဉ်
၁၉,၀၀၀ ကျပ် – မြန်နှုန်း 12 Mbps
(ယခင် ၁၈,၀၀၀ ကျပ် – 11 Mbps)
၂၃,၀၀၀ ကျပ် – မြန်နှုန်း 16 Mbps
(ယခင် ၂၂,၀၀၀ ကျပ် – 15 Mbps)
၂၆,၀၀၀ ကျပ် – မြန်နှုန်း 22 Mbps
(ယခင် ၂၅,၀၀၀ ကျပ် – 21 Mbps)
၃၁,၀၀၀ ကျပ် (CANAL+အခမဲ့)- မြန်နှုန်း 22 Mbps
(ယခင် ၃၁,၀၀၀ ကျပ် – 21 Mbps)
မြန်မာနက် လုပ်ငန်းသုံးအင်တာနက်အစီအစဉ်
၂၆,၀၀၀ ကျပ် – မြန်နှုန်း 16 Mbps
(ယခင် ၂၅,၀၀၀ ကျပ် – 15Mbps)