၄၈,၀၀၀ ကျပ်နှင့်အထက် အစီအစဉ်များကို လုပ်ငန်းသုံးအဖြစ် ပြောင်းလဲတိုးမြှင့်သတ်မှတ်ခြင်းနှင့် မြန်နှုန်းများတိုးမြှင့်ခြင်း

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ …
သုံးစွဲသူများအဆင်ပြေစေရန် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် ၂၀၂၂ ဩဂုတ်လ ၁၄ ရက်နေ့မှစတင်ပြီး မြန်မာနက် Plus အင်တာနက် ၄၈,၀၀၀ ကျပ်နှင့် အထက်အစီအစဉ်များကို လုပ်ငန်းသုံးအင်တာနက်အစီအစဉ်အဖြစ် ပြောင်းလဲတိုးမြှင့်‌ပေးလိုက်သည့်အပြင် မြန်နှုန်းများကိုလည်း ၃၃% အထိတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

“လုပ်ငန်းသုံးအင်တာနက်၏အားသာချက်များ”

  • ၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း
  • မှာယူသူတစ်ဦးချင်းစီအတွက် သီးသန့်တာဝန်ခံရှိခြင်း
  • သီးသန့်လိုင်းများဖြစ်သောကြောင့် လိုင်းပြတ်တောက်မှုနည်းပါးပြီး တစ်လိုင်းပျက်လျှင်နောက်တစ်လိုင်းဖြင့် 40 Mbps ထိ ဆက်လက်အသုံးပြုနိုင်ခြင်း

More Details →