
TVie အင်တာနက် Set-top Box (မြန်မာနက်မှ အသစ်တီထွင်ထုတ်လုပ်မှု)
မြန်မာနက် TVie (အင်တာနက် Set-top Box) ဖြင့် အင်တာနက်အသုံးပြုနိုင်မည့်အပြင် တီဗီ (သို့မဟုတ်) မော်နီတာတွင် HDMI ကြိုးဖြင့် ချိတ်ဆက်၍ CANAL+ အစရှိသည့် ရုပ်သံဖျော်ဖြေမှုအစီအစဉ်များကိုလည်း ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် နဂိုပါဝင်သော Youtube နှင့် Facebook Watch App များအပြင် အခြားနှစ်သက်ရာ Android အပလီကေးရှင်းများကို Google Play Store တွင် ရှာဖွေသွင်းယူကြည့်ရှုနိုင်ပါသည်။ သီချင်းဆိုဝါသနာပါသူများအနေဖြင့်လည်း မိုက်ခရိုဖုန်းတပ်ပြီး ကာရာအိုကေလည်း သီဆိုနိုင်ပါသည်။
TV – တီဗီရုပ်သံအစီအစဥ်များကို TV နှင့် မော်နီတာများ၊ မိုဘိုင်းဖုန်းများဖြင့် ကြည့်
Internet – အင်တာနက်ကို ဒေတာအကန့်အသတ်မရှိ အဝသုံး
Entertainment – ဖျော်ဖြေရေးအစီအစဉ်များကြည့်၊ ကာရာအိုကေလည်း ဆို
TVie တပ်ဆင်ကြေး
- အခမဲ့ (ပရိုမိုးရှင်းကာလအတွင်း)
TVie လစဉ်ကြေး
- ၃၅,၀၀၀ ကျပ်တန် Canal+ အခမဲ့
Tvie နှင့် တွဲဖက်ဝယ်ယူနိုင်သည့် ပစ္စည်းများ
- မိုက်ကရိုဖုန်း – ၈,၀၀၀ ကျပ်
- မော်နီတာ (၂၁ လက်မ) – လစဉ် ၁၁,၀၀၀ ကျပ်ဖြင့် ၁၈ လ သွင်း (စပေါ်ငွေ ၁၀,၀၀၀ ကျပ်)
- Speaker – ၁၇,၀၀၀ ကျပ်
- UPS (၆လ အာမခံ) – လစဉ် ၉,၀၀၀ ကျပ်ဖြင့် ၁၈ လ သွင်း (စပေါ်ငွေ ၁၀,၀၀၀ ကျပ်)
TVie Bluetooth Remote Control

- Remote Control – ၂၇,၀၀၀ ကျပ်
အသုံးပြုပုံ လမ်းညွှန်
- TVie ကို Google အကောင့်ဖြင့် ချိတ်ဆက်ခြင်း
- TVie တွင် နှစ်သက်ရာ App များ ပေါင်းထည့်ခြင်းနှင့် ဖယ်ရှားခြင်း