အမေး အဖြေများ


၁။ GEN-2 အနှိုင်းမဲ့အင်တာနက် ဆိုတာ ဘာလဲ။
မြန်မာနက် GEN-2 အနှိုင်းမဲ့ အင်တာနက်ဆိုတာ အဆင့်မြင့်နည်းပညာများဖြင့် အထူးပြုပြင်မွမ်းမံထားသော အင်တာနက်ဖြစ်ပါတယ်။

၂။ GEN-2 အနှိုင်းမဲ့အင်တာနက် အစီအစဥ်တွေအတွက် လစဥ်ကြေးဘယ်လောက်ကနေ စသလဲ။

လူတန်းစားမရွေးအသုံးပြုနိုင်ရန် Gen-2 အနှိုင်းမဲ့ အင်တာနက်အစီအစဉ်တွေကို လစဥ်ကြေး ၁၄,၀၀၀ ကျပ် မှ စတင်ပြီး ဝန်ဆောင်မှုပေးထားပါတယ်။


၃။ လစဥ်ကြေး ၁၄,၀၀၀ ကျပ် အစီအစဥ်က လိုင်းရော ကောင်းပါ့မလား။
၁၄,၀၀၀ ကျပ် အစီအစဥ်အပါအဝင် မြန်မာနက်အင်တာနက် အစီအစဥ်များအားလုံးအတွက် Bandwidth အပြည့်အဝ ရရှိပြီး လိုင်းကောင်းကောင်းနဲ့ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် CPE တပ်ဆင်ပေးပါတယ်။

၄။ CPE ဆိုတာ ဘာပါလဲ။
Postpaid CPE (Customer Premise Equipment) ဆိုတာ မြန်မာနက် လစဥ်အဝသုံးအင်တာနက် မှာယူထားသူတွေအတွက် နေအိမ်နေရာအနှံ့မှာ ချိတ်ဆက်မှုကောင်းမွန်စွာ အင်တာနက်အသုံးပြုနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။

၅။ မြန်မာနက်အင်တာနက်မှာပဲရရှိနိုင်တဲ့ အပိုဝန်ဆောင်မှုတွေက ဘာတွေလဲ။
မြန်မာနက်လစဉ်သုံးအင်တာနက်သုံးစွဲသူတွေအနေနဲ့ မြန်မာနက်ကွန်ရက်ရရှိတဲ့နေရာတိုင်းမှာ အပိုငွေထပ်မံကုန်ကျစရာမလိုဘဲ မိမိဖုန်းနဲ့ မြန်မာနက်ကိုချိတ်ဆက်သုံးနိုင်တဲ့ အိမ်ပြင်သုံးအကောင့်အခမဲ့ရရှိခြင်း၊ အိမ်တိုင်ရာရောက်လစဉ်ကြေးကောက်ခံပေးခြင်းတို့ဖြင့် အကောင်းဆုံးသောဝန်ဆောင်မှုတွေ ရရှိမှာဖြစ်ပါတယ်။


၆။အိမ်ပြင်သုံးအကောင့်ဆိုတာ ဘာလဲ။
နေအိမ်တွင်းမှာသာမက မြန်မာနက်ကွန်ရက်ရရှိတဲ့နေရာတိုင်းမှာ အပိုငွေထပ်မံကုန်ကျစရာမလိုဘဲ မိမိဖုန်းနဲ့ မြန်မာနက်ကိုချိတ်ဆက်သုံးနိုင်ဖို့  လစဉ်သုံးအစီအစဉ်သုံးစွဲသူတွေကို ထုတ်ပေးထားတဲ့  username နဲ့ password ပါတဲ့ အခမဲ့အကောင့်ဖြစ်ပါတယ်။


၇။ လစဉ်ကြေးကို ဘယ်လိုပေးဆောင်ရမှာလဲ။
မြန်မာနက်အသုံးပြုသူများအနေနဲ့ အိမ်အရောက်လစဉ်ကြေးကောက်ခံချိန်တွင် ပေးသွင်းနိုင်ခြင်း၊ နီးစပ်ရာ မြန်မာနက်စတိုးနှင့် ကိုယ်စားလှယ်ဆိုင်များမှတဆင့် ပေးသွင်းနိုင်ခြင်း၊ YOMA၊ AYA၊ CB၊ KBZဘဏ်ခွဲများနှင့် အဆိုပါဘဏ်များ၏ Mobile Banking Application များမှတဆင့် ပေးသွင်းခြင်းများအပြင် Wave Pay၊ Citizen Pay တို့မှလည်း ပေးသွင်းနိုင်ပါတယ်။

၈။ လစဉ် အဝသုံးအင်တာနက် အစီအစဉ််တွေကို ဘယ်လို ဆက်သွယ်မှာယူရမလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ဖုန်းနံပါတ်များဖြစ်သော 

Myanmar Net – 09 765 338 440 

Myanmar Net Plus -09 765 338 441

Myanmar Net Gen2 – 09 765 479 125 

Myanmar Net Biz – 09 765 479 118 

တို့ကို မနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ရုံးချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနက် Application သို့မဟုတ် မြန်မာနက် Website  www.myanmarnet.com ၏ အွန်လိုင်းဖောင်များရှိ Pre-order Form ကိုဖြည့်စွက်မှာယူခြင်းအပြင် အီးမေးလ်လိပ်စာ cs@myanmarnet.com တို့မှတဆင့်လည်း ဆက်သွယ်မှာယူနိုင်ပါသည်။

၁။ ကြိုတင်ငွေဖြည့်သုံး ဖုန်းအင်တာနက်ဆိုတာ ဘာပါလဲ။
ဖုန်းအင်တာနက်အတွက် username နှင့် password ပါဝင်သော ကြိုတင်ငွေဖြည့်သုံးအကောင့်ကတ် ဖြစ်ပါသည်။

၂။ မြန်မာနက်ဝန်ဆောင်မှုဌာနကို ဘယ်လိုဆက်သွယ်ရမှာလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

၁။ အဝသုံး Pack ဆိုတာ ဘာလဲ။
သတ်မှတ်ရက်ကာလအတွင်း ဒေတာအကန့်အသတ်မရှိ အင်တာနက်အဝသုံးနိုင်တဲ့ အစီအစဉ်ဖြစ်ပါသည်။

၂။ အမြန်သုံး Pack ဆိုတာ ဘာလဲ။
မြန်နှုန်း 7 Mbps နဲ့ သတ်မှတ်ဒေတာပမာဏကိုသတ်မှတ်ရက်အတွင်း အသုံးပြုနိုင်တဲ့ အင်တာနက်အစီအစဥ် ဖြစ်ပါသည်။

၃။ Pack တစ်ခု ဝယ်ထားပြီးရင် နောက်ထပ် အင်တာနက် Pack တွေကို ဝယ်နိုင်ပါသလား။
အဝသုံး Pack ကို အများဆုံး ၃ ခု အထိ ဝယ်နိုင်ပြီး အမြန်သုံး Pack ကိုတော့ အများဆုံး ၄ ခု အထိ ဝယ်နိုင်ပါတယ်။

၄။ Pack တွေကို ပေါင်းစည်းဝယ်ရင် ဘယ်လိုမျိုးဖြစ်မှာပါလဲ။
အဝသုံး Pack အတွက် မြန်နှုန်းတွေကို ပေါင်းစည်းရရှိမှာဖြစ်ပြီး အမြန်သုံး Pack အတွက် ဒေတာပမာဏကို ပေါင်းစည်းရရှိမှာ ဖြစ်ပါတယ်။ အဝသုံးနဲ့ အမြန်သုံး Pack ကို ပေါင်းပြီးဝယ်ရင်တော့ အမြန်သုံး Pack ကို အရင်ဆုံးသုံးမှာဖြစ်ပြီး ဒေတာပမာဏ ကုန်သွားတဲ့အခါမှာ သတ်မှတ်ရက် မကုန်သေးရင် အဝသုံး Pack ကို ဆက်ပြီးသုံးသွားမှာ ဖြစ်ပါတယ်။

၅။ အဝသုံး (သို့) အမြန်သုံး Pack တွေကို ဘယ်လိုဝယ်ရမှာလဲ။
နီးစပ်ရာ မြန်မာနက်စတိုးနဲ့ လက်လီအရောင်းဆိုင်တွေမှာ Pack Transfer (သို့) ခဲခြစ်ကတ်များအဖြစ် အလွယ်တကူ ဝယ်ယူနိုင်သလို အကောင့်ငွေဖြည့်ပြီး မြန်မာနက် အပလီကေးရှင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။

၁။ မြန်မာနက်အကောင့်ကတ် ဆိုတာဘာပါလဲ။
အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မြန်မာနက်အကောင့်နံပါတ် (ဂဏန်း ၉ လုံး) နဲ့ လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး) ပါဝင်တဲ့ ခဲခြစ်ကတ်တွေဖြစ်ပြီး အကောင့်တွင်း ငွေဖြည့်၍ ဆက်လက်အသုံးပြုနိုင်ပါတယ်။

၂။ အကောင့်ကတ်တစ်ခုကို device ဘယ်နှစ်လုံးအသုံးပြုလို့ ရနိုင်ပါသလဲ။
အကောင့်ကတ်တစ်ခုကို device တစ်ခုသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

၃။ မြန်မာနက် အကောင့်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ဘယ်မှာဝယ်လို့ရပါသလဲ။
မြန်မာနက်စတိုးများနဲ့  နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များမှာ ခဲခြစ်ကတ် ဝယ်ယူနိုင်သလို မြန်မာနက်အပလီကေးရှင်း (သို့) WavePay တို့မှလည်း ဝယ်ယူနိုင်ပါသည်။

၄။ အကောင့်တွင်း အသုံးပြုမှုတွေကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
“Myanmar Net” ဝိုင်ဖိုင်ကို ချိတ်ဆက်ပြီးနောက် မြန်မာနက် အပလီကေးရှင်း (သို့မဟုတ်) www.myanmarnet.com တွင် အင်တာနက်သုံးစွဲမှုများ၊ ငွေဖြည့်ကတ်အသုံးပြုမှုများအတွက် စစ်ဆေးနိုင်ပါတယ်။

၅။ ကုန်လျှင် Auto ဝယ်စနစ်ဆိုတာ ဘာပါလဲ။
အင်တာနက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် Pack သက်တမ်းကုန်သွားတိုင်း အလိုအလျောက် ဝယ်ယူပေးတဲ့ စနစ်ဖြစ်ပါတယ်။

၆။ Auto ဝယ်စနစ်ကို အသုံးမပြုချင်ရော ရပါသလား။
Pack များကို ဝယ်ယူသည့်အခါ အောက်နေရာတွင် “ကုန်လျှင် Auto ဝယ်” စနစ်ကို ပိတ်ထားနိုင်ပါတယ်။

၇။ MAC Address ကို ဘယ်လို ကြည့်ရမှာလဲ။
WiFi Address ဟုလည်း ခေါ်ဆိုကြသည့် MAC Address ကို “Setting>About Device” မှာ ကြည့်နိုင်ပါတယ်။ (နမူနာပုံစံ – 77:33:C2:09:55:3A)

၈။ အကောင့်လျို့ဝှက်နံပါတ်ကို မေ့သွားတာ အသစ်ပြန်ရနိုင်မလား။
ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။

၉။ မြန်မာနက်ငွေဖြည့်ကတ်မှာ ပါဝင်တဲ့လျို့ဝှက်နံပါတ်ကို သုံးလို့မရတာ ဘယ်လိုလုပ်ရမှာပါလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

၁။  Domain Name ဆိုတာဘာလဲ?

Domain Name ဆိုတာ Internet ပေါ်ကလိပ်စာတစ်ခုဖြစ်ပါတယ်။ Internet ပေါ်က Website လိပ်စာတစ်ခုကိုကြည့်ရှုလိုပါက၎င်း Website ရဲ့လိပ်စာဖြစ်သည့် Domain Name  (e.g www.google.com) ကိုသိဖို့လိုအပ်ပါတယ်။ မိမိ၏အကြောင်း ၊ မိမိ၏စီးပွားရေးစသည်ဖြင့် Internet ပေါ်တွင် Website တစ်ခု အနေဖြင့်တင်လိုပါက Domain Name တစ်ခုကိုအရင်ဆုံး လျှောက်ထားရန်လိုအပ်ပါတယ်။

၂။  Domain အမျိုးအစားကဘာတွေရှိလဲ?

Domain Name တွေမှာ TLD နဲ့ CCTLD ဆိုပြီးရှိကြပါတယ်။ TLD ဆိုတာ Top Level Domain ကိုပြောတာဖြစ်ပါတယ်။ TLD မှာ  .com/.org/ .net/ .info/ .biz တို့ပါရှိပါတယ်။CCTLD ဆိုတာကတော့ Country Code Top Level Domain ကိုပြောတာဖြစ်ပါတယ်။ CCTLD မှာ .com.mm/ .com.jp/ .net.mm/ .com.us/ .net.us တို့ပါရှိပါတယ်။

၃။  Domain Name Extension ကဘာလဲ? 

Domain Name Extension တွေမှာ အဓိပ္ပာယ်ကိုယ်စီရှိကြပါတယ်။

၁။ .com ( Commercial စီးပွားရေးလုပ်ငန်းတွေအတွက်အသုံးပြုကြပါတယ် )
၂။  .org ( Organizations, NGOs တွေ ၊ အသင်းအဖွဲ့ ၊ Group of Companies များ )
၃။ .net ( Networking လုပ်ငန်းများ ၊ Internet လုပ်ငန်းများ )
၄။ .info ( Information လုပ်ငန်းများ )
၅။ .biz ( Business များ )
၆။ .com.mm ( Myanmar – Country Code တွေပါလို့ ဘယ်နိုင်ငံကလဲဆိုတာသိနိုင်ပါတယ် )
၇။ .msme.mm ( အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ )

၄။  Domain Name အသုံးပြုခြင်းကြောင့်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ?

  • မိမိကိုယ်ပိုင် Domain Name ကို အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းသုံးစွဲသူများကြားတွင် မိမိ၏လုပ်ငန်းကို ယုံကြည်မှုပိုမိုရရှိစေပါတယ်။
  • မိမိဝယ်ယူထားသော Domain Name ကိုအသုံးပြုပြီး Website တစ်ခုတည်ဆောက်ထားပါက Domain name address (e.g www.yourdomainname.com) ကိုအလွယ်တကူ internet မှခေါ်ယူကြည့်ရှုနိုင်ပြီး မိမိလုပ်ငန်းကိုအသေးစိတ်ရှင်းပြစရာမလိုပဲ ကြော်ငြာပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။
  • ကိုယ်ပိုင် Domain Name ဖြင့် Email/Website တစ်ခုတည်ဆောက်ထားပါက အခြားစီးပွားရေးပြိုင်ဘက်များထက်လည်း မိမိလုပ်ငန်းကို ယုံကြည်မှု ပိုရရှိစေပါတယ်။

၅။  Frontiir .mm Domain Name Service ကိုဘယ်လိုမှာယူရမလဲ ?

Online မှ Domain Name Preorder Form ကိုပြည့်စုံစွာရေးသားပြီး အလွယ်တကူလျှောက်ထားနိုင်ပါတယ်။