မြန်မာနက် အကြောင်း


မြန်မာနက်သည် FRONTIIR Co., Ltd. ၏ လုပ်ငန်းအမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။

FRONTIIR သည် အင်တာနက်နှင့် နည်းပညာဆိုင်ရာ နိင်ငံတကာကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဖွား ကမ္ဘာ့အဆင့် နည်းပညာရှင် ဦးဝေလင်းထွန်းနှင့် ကျွမ်းကျင်ပညာရှင်များမှ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ လူတိုင်းတတ်နိုင်သည့် ချိုသာသော ဈေးနှုန်းဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင်ရန် ရည်မှန်းချက်ဖြင့် တည်ထောင်ခဲ့သော Frontiir ကုမ္ပဏီတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော်လည်း အဓိကရှယ်ယာအများစုကို ဦးဝေလင်းထွန်းနှင့် တည်ထောင်သူများမှ ဆက်လက်ပိုင်ဆိုင်ထားပါသည်။

ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အ.ထ.က (၁) ဒဂုံမှ အထက်တန်းကျောင်း အောင်မြင်ခဲ့သော ဦးဝေလင်းထွန်းသည် အမေရိကန်နိုင်ငံ Berkeley ရှိ California တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံ (EECS) ဆိုင်ရာ B.S ဘွဲ့၊ Massachusetts Institute of Technology တက္ကသိုလ်မှ S.M. နှင့် Ph.d. ဘွဲ့ များကို ရရှိထားပါသည်။ ဦးဝေလင်းထွန်းသည် ကြိုးမဲ့ကွန်ယက်နှင့် Computing ဆိုင်ရာ စာတမ်းပေါင်း ၁၀ ကျော်ကို ပြုစုထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် နိုင်ငံတကာဆိုင်ရာ မူပိုင်ခွင့်အချို့ ကိုလည်း ရရှိပိုင်ဆိုင်ထားပါသည်။ Frontiir ကုမ္ပဏီသည် ဦးဝေလင်းထွန်း၏ ဦးဆောင်မှုအောက်တွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို စဥ်ဆက်မပြတ် ဖော်ထုတ်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် မြန်မာနက်အမှတ်တံဆိပ်ဖြင့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သတင်းအချက်အလက်များ မှန်ကန်စွာ စီးဆင်းနိုင်ရန်၊ မြင်ရတွေ့ရသည့် အခြေအနေများကို ဗဟုသုတအဖြစ် ဝေမျှခြင်းများပြုလုပ်နိုင်ရန်နှင့် ၃.၅ မီလီယံကျော် မြန်မာနက်အသုံးပြုသူ ပြည်သူများ ဆက်သွယ်ချိတ်ဆက်နိုင်ရန် မရှိမဖြစ်လိုအပ်သော နေ့စဥ်ဝန်ဆောင်မှုများကို အရည်အသွေးကောင်းမွန်စွာ ပံ့ပိုးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Frontiir ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားဝန်ထမ်း  ၉၉ ရာခိုင်နှုန်းကျော်မှ အလေးထားဆောင်ရွက်လျက် ရှိပါသည်။ 

Frontiir အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

အလုပ်အကိုင် အခွင့်အလမ်းများအတွက် jobs@myanmarnet.com သို့ email ပေးပို့ လျှောက်ထားနိုင်ပါသည်။

မြန်မာနက် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း၏ သုံးစွဲသူကိုယ်ရေးအချက်အလက်နှင့်လုံခြုံမှုဆိုင်ရာ ကာကွယ်ခြင်း မူဝါဒ

Frontiir ကုမ္ပဏီ၏ အင်တာနက်ဝန်ဆောင်မူလုပ်ငန်းဖြစ်သော Myanmar Net (မြန်မာနက်) မှ ကြိုဆိုပါသည်။ ဤစာစုသည် မြန်မာနက် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၏ သုံးစွဲသူကိုယ်ရေးအချက်အလက်နှင့်လုံခြုံမှု ကာကွယ်ခြင်း မူဝါဒများနှင့်တကွ မြန်မာနက်မှ သင်၏ ကိုယ်ရေးအချက်အလက်များကို မည်သို့မည်ပုံ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ မျှဝေခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။

၁။ သုံးစွဲသူ ကိုယ်ရေးအချက်အလက်များကို မြန်မာနက်မှ စုဆောင်းပုံ
    ၁.၁။ သင်ကိုယ်တိုင် ပေးထားခဲ့သော သတင်းအချက်အလက်များမှာ-
  • အကောင့်ဖွင့်ရာတွင်သင်ဖြည့်ခဲ့သည့် ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သော သင့်နာမည် ဖုန်းနံပါတ် လိပ်စာ မှတ်ပုံတင်နံပါတ် နှင့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များ
  • အင်တာနက်ဝန်ဆောင်မူ ဝယ်ယူခြင်းနှင့် ပတ်သက်၍ နေ့စဉ်သုံး (သို့မဟုတ်) လစဉ်သုံး (သို့မဟုတ်) ငွေဖြည့်ကဒ်ဖြင့် အသုံးပြုရာတွင် အသုံးပြုသော အချက်အလက်များ
  • ဘာသာစကား ရွေးချယ်မှု အချက်အလက်များ
   ၁.၂။ Mobile Application မှ အလိုအလျောက် စုဆောင်းထားသော အချက်အလက်များ
  • သင်အသုံးပြုသော Mobile Phone နှင့် သက်ဆိုင်သော အချက်အလက်များ ဖြစ်သည့် စက်ပစ္စည်း နံပါတ်၊ အမျိုးအစား၊ ထုတ်လုပ်သည့် ကုမ္မဏီ၊ Operating System ၊ Specific Version ၊ Mac Address နှင့် IP Address
  • သင်အသုံးပြုထားသော အင်တာနက်ဒေတာ အသုံးပြုမူ အချက်အလက်များ (သင့်အနေဖြင့်ဝယ်ယူထားသော ဒေတာ package များ အပြောင်းအလဲပြုလုပ်လိုပါလျှင် အလွယ်တကူ ပြောင်းလဲနိုင်စေရန် စုဆောင်းထားပါသည်။)
၂။ သင်၏ အချက်အလက်များကို မြန်မာနက်မှ အသုံးပြုပုံ

သင့်အား ပေးအပ်မည့် ဝန်ဆောင်မူနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ သင့်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါအတိုင်း သုံးစွဲပါသည်။

  • မြန်မာနက်အနေဖြင့် လိုအပ်သော သင့်ကိုယ်ရေးအချက်အလက်များကို နောက်တစ်ကြိမ် ဝန်ဆောင်မှု ပြန်လည်အသုံးပြုသည့်အခါ လွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မှတ်သားထားခြင်း။
  • သင့် ကိုယ်ရေးအချက်အလက်များမှတစ်ဆင့် အနာဂတ်တွင် သင်လိုအပ်မည်ထင်သော Data Package ၊ Internet ဈေးနှုန်း အစရှိသည်တို့ကို တိကျမှန်ကန်မြန်ဆန်စွာ ဝန်ဆောင်မူပေးနိုင်ရန် မှတ်သား ထားခြင်း။
  • သင်သုံးစွဲလျက်ရှိသော မြန်မာနက်အင်တာနက်ဝန်ဆောင်မှုတွင် အခက်အခဲများ ကြုံလာသည့်အခါ တွင်လည်းကောင်း၊ မေးခွန်းများပေါ်လာသည့်အခါတွင်လည်းကောင်း မြန်မာနက်ဘက်မှ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ စုဆောင်းထားပါသည်။ ထို့အတူ မြန်မာနက်၏ ဝန်ဆောင်မှုလုပ်ငန်းတွင် ပိုမိုကောင်းမွန်သော ဒေတာ package ၊ user interface design များပြင်ဆင်နို်င်ရန် စုဆောင်း ထားပါသည်။
၃။ အချက်အလက်များ မျှဝေခြင်းနှင့် အသိပေးခြင်းဆိုင်ရာမူဝါဒများ

မြန်မာနက်မှ သင်၏ကိုယ်ရေး အချက်အလက်များကို တခြားစီပွားရေးလုပ်ငန်းများသို့ အကျိုးအမြတ်အတွက် မည်သည့်အခါတွင်မှ ရောင်းချခြင်းပြုလုပ်မည် မဟုတ်ပါ။ မြန်မာနက်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို အောက်ပါအရေးကြီးသော အခြေအနေမှလွဲ၍ အသိပေးမျှဝေမည်မဟုတ်ပါ။

  • အကယ်၍ နည်းဥပဒေအရ တရားဝင် လုပ်ဆောင်မည်ဆိုလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရ အဖွဲအစည်းများမှ တရားဝင်တောင်းခံလာလျှင်သော်လည်းကောင်း ဥပဒေနှင့်အညီ ပေးအပ်ပါ မည်။
  • မြန်မာနက်အနေဖြင့် အခြားစီးပွားရေးလုပ်ငန်းတစ်ခုမှ ဝယ်ယူခြင်း၊ ပူးပေါင်းခြင်း နှင့် ပြန်လည် ဖွဲ့စည်းခြင်းများ ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း ၊ သင့်အား ပေးအပ်သော ဝန်ဆောင်မူ ပိုမို ကောင်းမွန်လာစေရန် လိုအပ်ပါက မြန်မာနက် လုပ်ငန်းခွဲများကို အချက်အလက်များအား မျှဝေရန် လုပ်ဆောင်မည်ဖြစ်ပါသည်။
၄။ လုံခြုံရေးဆိုင်ရာမူဝါဒများ

လုံခြုံရေးဆိုင်ရာနောက်ဆုံးပေါ် နည်းပညာများဖြင့် သင်၏ အချက်အလက်များကို လုံခြုံမူရှိစေရန် မြန်မာနက် အနေဖြင့် ကာကွယ်မူပေးထားပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များအား တရားမဝင် လိမ်လည် လှည့်ဖျားခြင်းများ (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲယူဆောင်ခြင်းများ မဖြစ်ပေါ်စေရန် မြန်မာနက်ဘက်မှ လုံခြုံစွာဖြင့်သိမ်းဆည်းထားပါသည်။ မြန်မာနက်အနေဖြင့် ကာကွယ်မှုပေးထားသော်လည်း ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော လုံခြုံရေးစနစ်မည်သည်မရှိသောကြောင့် သင်၏အချက်အလက်နှင့် ပတ်သက်၍ ခွင့်ပြုချက် မရှိဘဲ ဒေတာခိုးယူခြင်း၊ ယူဆောင်ခြင်း နှင့် ပတ်သက်၍ အပြည့်အ၀ အာမခံမှု ပေးနိုင်မည်မဟုတ်ပါသော်လည်း အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ်သတ်မှတ်၍ အတတ်နိုင်ဆုံး ထိန်းသိမ်း သွားပါမည်။

၅။ မူဝါဒဆိုင်ရာ ပြောင်းလဲမှုနှင့်ပတ်သက်၍ အကြောင်းကြားခြင်း

မြန်မာနက်အနေဖြင့် ပြုပြင်ပြောင်းလဲခြင်းနှင့်ဆိုင်သော ကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ Website တွင် ကြော်ငြာပေးမည်ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲမူပြုလုပ်ပြီးနောက် သင့်အနေဖြင့် ဝန်ဆောင်မူအား ဆက်လက်အသုံးပြုနေပါက မြန်မာနက်အနေဖြင့် သင်သဘောတူညီသည်ဟု ယူဆပါသည်။ သင့်အနေဖြင့် မှတ်ချက်ပေးလိုလျှင်လည်းကောင်း၊ ဆက်စပ်သည့်မေးခွန်းများ မေးမြန်းလိုလျှင်လည်းကောင်း၊ အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

အီးမေးလ်လိပ်စာ- feedback@frontiir.net

Frontiir Co., Ltd
အမှတ် ၃၃၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

မြန်မာနက်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာရမည့်မူဝါဒများ (AUP)

တရားဥပဒေဆိုင်ရာ မူဝါဒများအရ အင်တာနက်နှင့် အခြားမြန်မာနက်ဝန်ဆောင်မှုများကို အသုံးချ၍ အောက်ပါအချက်များကို ပြုလုပ်ခွင့်မရှိပါ။

  1. ကွန်ရက်ကို သုံး၍ ရာဇဝတ်မှုများ ကျူးလွန်ခြင်း (သို့) အားပေးအားမြှောက်ပြုလုပ်ခြင်း။
  2. ကွန်ရက်ကို ဥပဒေနှင့် မညီသော လုပ်ဆောင်ချက် (သို့) ဥပဒေချိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း။
  3. မြန်မာနိုင်ငံတွင်းရှိ လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းစည်းကမ်း၊ တရားဥပဒေများကို လိုက်နာမှုမရှိသည့် ပြုလုပ်ဆောင်ရွက်မှုမျိုး လုပ်ဆောင်ခြင်း။
  4. ကိုယ်တိုင်ဖြစ်စေ ကိုယ်တိုင်မဟုတ်ဘဲ အခြားသော လူ၊ အဖွဲ့အစည်းအား AUP မူဝါဒများနှင့် ဆန့်ကျင်ဆောင်ရွက်ခြင်း။
  5. spam ၊ ဗိုင်းရပ်စ် သင့်လျော်မှုမရှိသည့် အရာများအား ရည်ရွယ်ချက်ဖြင့် ရှာဖွေရယူခြင်း၊ ဖြန့်ဖြူးခြင်း။
  6. ကွန်ပျူတာ လုပ်ငန်းဆောင်ရွက်မှု၊ စွမ်းရည်များကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် အီးမေးလ် (သို့) အခြားသော အီလက်ထရွန်းနစ် မက်ဆေ့ချ်ပို့မှုများပြုလုပ်ခြင်း။
  7. အခြားသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်း၊ အနှောက်အယှက်ဖြစ်စေခြင်း။
  8. အခြားသူများအား ရိုင်းပျစွာဆက်ဆံခြင်း ၊ စိတ်အနှောက်အယှက်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေရန် အသရေဖျက်ခြင်း၊ ညစ်ညမ်းသည့် အပြုအမူ၊ ခြိမ်းခြောက်ပြောဆိုမှုများကို တမင်တကာရည်ရွယ်ပြုလုပ်ခြင်း။ အခြားတစ်ပါးသူပုံစံ ဟန်ဆောင်ပြုမူခြင်း၊ ဒုက္ခပေးခြင်း။
  9. အခြားသူများ ပိုင်ဆိုင်သည့် စက်ပစ္စည်း ကိရိယာ၊ ဆော့ဖ်ဝဲစသည်တို့၏ လုံခြုံရေးကို ဖောက်ထွင်းခြင်း၊ ကြိုးပမ်းခြင်း။ Hacking ပြုလုပ်ခြင်း။
  10. သီချင်း၊ ရုပ်ရှင်များစသည့် သတင်းအချက်အလက်များကို မူပိုင်ရှင်ထံမှ ခွင့်ပြုချက်မရှိဘဲ ရှာဖွေရယူခြင်း၊ ဖြန့်ဖြူးခြင်း။
  11. မှန်ကန်မှုမရှိသော သတင်းအချက်အလက်ထုတ်လွှင့်ဖြန့်ဖြူးခြင်း (သို့) မှန်ကန်သည့် သတင်းအချက်အလက်များကို ဖျက်ဆီးပျက်ပြားစေခြင်း။
  12. လိုအပ်သော Bandwidth ထက် ပိုမိုများပြား အချိန်ကြာမြင့်စွာဖြင့် အသုံးပြုသည့် အပလီကေးရှင်း၊ ပရိုဂရမ်မျိုး သုံးခြင်း (ဥပမာ – Bit Torrent) ၊ အခြားသော အသုံးပြုသူများအတွက် ဝန်ဆောင်မှု ပေးအပ်ရာတွင် ထိခိုက်နစ်နာစေမှုမျိုး ဖြစ်ပေါ်စေခြင်း။
  13. မြန်မာနက်၏ ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ တစ်ဆင့်ပြန်လည်ရောင်းချခြင်း။
  14. မြန်မာနက်အသုံးပြုသူများရရှိသည့် ဝန်ဆောင်မှုအရည်အသွေးကို နိမ့်ကျစေရန် လုပ်ဆောင်ခြင်း။
  15. မြန်မာနက်ကွန်ရက်ထိန်းချုပ်မှုဌာန (သို့) လုပ်ငန်းလည်ပတ်မှုစင်တာအတွင်း (သို့) ဝန်ဆောင်မှုကွန်ရက်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ခွင့်ပြုချက်မရှိဘဲ ချိုးဖောက် ဝင်ရောက်ခြင်း။ Hacking ပြုလုပ်ခြင်း။
  16. မြန်မာနက် (သို့) အခြားအဖွဲ့များ၏ မူပိုင်ခွင့်ဆိုင်ရာများကို ကျူးလွန်ဖောက်ဖျက်၊ ထိခိုက်နစ်နာစေခြင်းများအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်ခြင်း။
  17. မြန်မာနက် ဝန်ဆောင်မှုအား တမင်တကာ ထိခိုက်နစ်နာစေခြင်း။