ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ …သုံးစွဲသူများအဆင်ပြေစေရန် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် ၂၀၂၂ ဩဂုတ်လ ၁၄ ရက်နေ့မှစတင်ပြီး မြန်မာနက် Plus အင်တာနက် ၄၈,၀၀၀ ကျပ်နှင့် အထက်အစီအစဉ်များကို လုပ်ငန်းသုံးအင်တာနက်အစီအစဉ်အဖြစ် ပြောင်းလဲတိုးမြှင့်ပေးလိုက်သည့်အပြင် မြန်နှုန်းများကိုလည်း ၃၃% အထိတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ “လုပ်ငန်းသုံးအင်တာနက်၏အားသာချက်များ” ၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း မှာယူသူတစ်ဦးချင်းစီအတွက် သီးသန့်တာဝန်ခံရှိခြင်း သီးသန့်လိုင်းများဖြစ်သောကြောင့် လိုင်းပြတ်တောက်မှုနည်းပါးပြီး တစ်လိုင်းပျက်လျှင်နောက်တစ်လိုင်းဖြင့် 40 Mbps ထိ ဆက်လက်အသုံးပြုနိုင်ခြင်း ပိုမိုသိရှိရန် →
CANAL+ ကြည့်ရှုသည့် မြန်မာနက်သုံးစွဲသူများအနေဖြင့် “CANAL+ Myanmar”၏ နောက်ဆုံးဗားရှင်းကို အသုံးပြုနိုင်မည် မဟုတ်သေးကြောင်း အသိပေးခဲ့ပြီး ဖြစ်ပါသည်။ လတ်တလောအနေဖြင့် “CANAL+ Myanmar” အပလီကေးရှင်းကို TVie တွင်သော်လည်းကောင်း၊ မိုဘိုင်းဖုန်းများတွင် သော်လည်းကောင်း (ဇွန်လ ၃၀ ရက်အထိ) ကြည့်ရှုနိုင်မည်မဟုတ်သလို အလိုအလျှောက် ဝယ်ယူစနစ်ကိုလည်း အသုံးပြု၍ရမည်မဟုတ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။ CANAL+ ပြန်လည်ကြည့်ရှုနိုင်မည့် အချိန်ကို မြန်မာနက်မှ ကြေညာသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ .. မြန်မာနက်၏ ငွေပေးချေစနစ်များ (လစဥ်ကြေးများ၊ တပ်ဆင်ကြေး၊ စပေါ်ငွေနှင့် အခြားငွေပေးချေခြင်းများ) ကို လေးစားစွာ အသိပေးလိုပါသည်။ ၁။ မြန်မာနက်ဝန်ထမ်းများမှ အိမ်တိုင်ရာရောက် ငွေကောက်ခံပေးခြင်း ၂။ မြန်မာနက်စတိုးများတွင် ငွေပေးသွင်းနိုင်ခြင်း ၃။ မြန်မာနက်၏ တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ငွေပေးသွင်းနိုင်ခြင်း ၄။ AYAဘဏ်၊ KBZဘဏ် နှင့် CB ဘဏ် တို့၏ mobile banking စနစ်ဖြင့်လည်းကောင်း၊ CB Pay နှင့် Citizens Pay တို့ဖြင့်လည်းကောင်း ငွေပေးသွင်းနိုင်ပါသည်။ အထက်ဖော်ပြပါစနစ်များမှလွဲ၍ အခြားနည်းလမ်းများဖြင့် ငွေကောက်ခံခြင်းသလို ဖုန်းနံပါတ်များသို့ တိုက်ရိုက်ငွေပေးဆောင်ခိုင်းခြင်းလည်း မရှိပါ။ မြန်မာနက်မှ တရားဝင်အသုံးပြုခဲ့သော မြန်မာနက်ဖေ့စ်ဘုတ်ပေ့ချ်အသုံးပြုမှုကိုလည်း ၂၀၂၁ ဖေဖော်ဝါရီလမှစ၍ ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မြန်မာနက်နှင့်ဆင်တူရိုးမှား ဖေ့စ်ဘုတ်ပေ့ချ်များဖွင့်ကာ […]
ရက်ရွေးသုံး ၂ ရက် ၅၀၀ ကျပ်၊ ၅ ရက် ၁,၀၀၀ ကျပ် Pack အသစ်များ
သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ရက်ရွေးသုံး ၅၀၀ ကျပ်နှင့် ရက်ရွေးသုံး ၁,၀၀၀ ကျပ် pack အသစ်များ စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ သုံးစွဲသူသည် ၅၀၀ ကျပ်တန် ရက်ရွေးသုံး Pack ကို အသုံးပြုမည်ဆိုပါက ၄ ရက်အတွင်း ၂ ရက် အဝသုံးနိုင်ပြီး ၁,၀၀၀ ကျပ်တန် ရက်ရွေးသုံး Pack ကို အသုံးပြုမည်ဆိုပါက ၈ ရက်အတွင်း ၅ ရက် အဝသုံးနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိသုံးမည့်ရက်တွင်သာ မြန်မာနက် ဝိုင်ဖိုင်ကို ချိတ်ဆက်အသုံးပြုရမည်ဖြစ်ပြီး အသုံးမပြုသည့်ရက်တွင် “Auto Connect” ကို ဖြုတ်ထားရန် လိုအပ်ပါသည်။ သို့သော် မြန်မာနက် ကို “Forget Network” လုပ်ထားရန်မလိုပါ။
ဥပမာ – အသုံးပြုသည့်ရက်ကို ည ၁၂း၀၀ မိနစ်မှ စတင်တွက်ချက်မည်ဖြစ်သောကြောင့် ပထမရက်အသုံးပြုပြီး နောက်ရက် ဆက်အသုံးမပြုလိုပါက ည ၁၁း၅၉ တိတိတွင် ရပ်တန့်ရမည်ဖြစ်သည်။
လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မြန်မာနက်အသုံးပြုသူများ အဆင်ပြေစွာ အင်တာနက်ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာနက် CPE အိမ်သုံးအထိုင်စက်များနှင့် တွဲဖက်အသုံးပြုနိုင်မည့် ဘက်ထရီဖြစ်သည်။
ဘက်ထရီစျေးနှုန်းလက်ငင်း – ၂၅,၀၀၀ ကျပ်
၆ လ အရစ်ကျ – ၂၇,၀၀၀ ကျပ် (တစ်လလျှင် ၄,၅၀၀ ကျပ်ဖြင့် ၆ လ အရစ်ကျ)
(ပထမအရစ်ကို ဘက်ထရီစယူသောနေ့တွင် ပေးချေရပါမည်။)
လူသုံးအများဆုံး – လစဥ်ကြေး ၂၂,၀၀၀ ကျပ် မြန်နှုန်း 15 Mbps
လူသုံးအများဆုံး – ၃၅ ရက် ၅,၀၀၀ ကျပ် မြန်နှုန်း 2.5 Mbps