နောက်ဆုံးသတင်းများ


(၂၀၂၅)ခုနှစ်၊ ဇွန်လ၊ (၁)ရက်နေ့မှစတင်၍ ၂၃,၅၀၀ကျပ်နှင့်အောက် မြန်မာနက် အင်တာနက်အစီအစဥ်များအတွက် တပ်ဆင်ကြေးအခမဲ့ ပရိုမိုးရှင်းအစီအစဥ် ပြီးဆုံးသွားပြီဖြစ်ပါဖြင့် မူလအတိုင်း တပ်ဆင်ခ ၁၈,၀၀၀ ကျပ် အား ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ 

မြန်မာနက် Plus ၂၆,၅၀၀ ကျပ်နှင့်အထက် အစီအစဉ်များ တပ်ဆင်ကြေးအခမဲ့ဖြင့် တပ်ဆင်နိုင်ပါသည်။

မြန်မာနက်သုံးစွဲသူများအား ကျေးဇူးအထူးတင်ရှိပါသည်။ 

အသေးစိတ်အချက်အလက်များသိရှိလိုပါက Customer Service သို့ ဆက်သွယ်နိုင်ပါသည်။

📞 ဝ၉ ၇၆၅၃၃ ၈၄၄၀

🏠 မြန်မာနက်စတိုးများ

မင်္ဂလာပါ မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ…

အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား အောက်တိုဘာလ (၁)ရက်နေ့မှစတင်ပြီး ၅၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။

မြန်မာနက်လစဥ်ကြေးငွေပေးချေရန် အိမ်အရောက်ငွေကောက်ခံပေးသည့်ဝန်ဆောင်မှုကို ရယူထားသော လူကြီးမင်းများအနေဖြင့် လစဥ်ကြေးပေးဆောင်သည့်အခါတိုင်းတွင် ငွေလာရောက်ကောက်ခံသည့် မြန်မာနက်ဝန်ထမ်း Bill Collector ထံမှ “Myanmar Net” အမည်ဖြင့်ပေးပို့သော ငွေလက်ခံရရှိကြောင်း ငွေရပြေစာ စာတို (sms receipt) ကို လက်ခံရရှိပြီးမှသာ ငွေပေးချေပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ငွေရပြေစာ စာတိုလက်ခံမရရှိပါက မြန်မာနက်အက်ပလီကေးရှင်းတွင် လစဥ်ဘေလ်အားစစ်ဆေးပြီး ပေးချေနိုင်ပါသည်။

ငွေကောက်ခံသူ (Bill Collector) များသည် မြန်မာနက်ယူနီဖောင်းအင်္ကျီကိုဝတ်ဆင်ထားပြီး ဝန်ထမ်းကတ်ကို ချိတ်ဆွဲထားမည်ဖြစ်ပါသည်။

မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။