uncategory


အမှိုက်ပုံး

၁။ ကြိုတင်ငွေဖြည့်သုံး CPE ဆိုတာ ဘာပါပဲ။
Prepaid CPE (Customer Premise Equipment) ဆိုတာ နေအိမ်တွင်း နေရာအနှံ့နဲ့ မြန်မာနက်ကွန်ရက်နေရာတွေမှာ လိုင်းကောင်းမွန်စွာ ချိတ်ဆက်သုံးစွဲနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး မြန်မာနက်ငွေဖြည့်ကတ်စနစ် အသုံးပြုသူများအတွက် ငှားရမ်းပေးပါတယ်။

၂။ CPE ကို ဘာကြောင့်သုံးသင့်ပါသလဲ။
CPE မတပ်ဘဲလည်း မြန်မာနက်အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။ CPE ကို အသုံးပြုရင်တော့ နေအိမ်တွင်း နေရာအနှံ့မှာ ပိုပြီးတော့ လိုင်းကောင်းမွန်စွာနဲ့ ချိတ်ဆက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

၃။ CPE ငှားရမ်းခငွေကို ဘယ်လိုပေးချေရမှာပါလဲ။
အကောင့်ငွေကြိုတင်ဖြည့်ထားတဲ့ မြန်မာနက်အကောင့်ထဲကနေ CPE ငှားရမ်းခငွေကို အလိုအလျောက် ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၄။ CPE ငှားရမ်းခအတွက် အကောင့်ငွေဖြည့်မထားရင် ဘယ်လိုဖြစ်မှာပါလဲ။
အကောင့်ငွေဖြည့်သွင်းထားခြင်းမရှိပါက CPE ငှားရမ်းခကို ပေးချေနိုင်ရန်အတွက် တစ်လ စောင့်ပေးသွားမှာဖြစ်ပြီး တစ်လထက်ကျော်လွန်သွားရင်တော့ CPE မှ အင်တာနက်ထုတ်လွှင့်မှု ရပ်တန့်သွားမှာဖြစ်ပါတယ်။

၅။ ကြိုတင်ငွေဖြည့်သုံး CPE အစီအစဥ်များကို ရယူခြင်း / ပယ်ဖျက်ခြင်း
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

၁။ မြန်မာကက် ဆိုတာ ဘာလဲ။
မြန်မာကက် ဆိုတာ ဖျော်ဖြေရေးဆိုင်ရာ ရုပ်သံအစီအစဉ်တွေကို ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ကြည့်ရှုနိုင်တဲ့ Streaming App တစ်ခု ဖြစ်ပါတယ်။

၂။ မြန်မာကက် မှာ ဘာတွေကြည့်လို့ရမှာလဲ ။
မြန်မာဗီဒီယိုများ၊ မြန်မာဇာတ်လမ်းတွဲအသစ်များ၊ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ LIVE TV အစီအစဉ်များ၊ ကြော်ငြာမပါ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ တေးဂီတ၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို ကြည့်နိုင်ပါတယ်။

၃။ မြန်မာကက် App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက်အကောင့်ရှိသူများ မြန်မာနက်ချိတ်ဆက်ထားပါက မြန်မာကက် App ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာနက်ချိတ်ထားခြင်း မရှိပါက မြန်မာကက် ရက် (၃၀) ခဲခြစ်ကတ်မှာပါတဲ့ Username ၊ Password တို့ကို အသုံးပြုပြီးတော့လည်း မြန်မာကက် App ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၄။ ခဲခြစ်ကတ်တွေကို ဘယ်မှာ ဝယ်ရမှာလဲ။
မြန်မာကက် ခဲခြစ်ကတ်ကို နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များနဲ့ မြန်မာနက်စတိုးတွေမှာ ဝယ်နိုင်ပါတယ်။

၅။ ဝယ်ယူထားတဲ့ မြန်မာကက် အစီအစဉ်သက်တမ်း ကုန်ဆုံးမယ့်ရက်ကို ဘယ်လိုသိနိုင်မလဲ။
မြန်မာကက် အစီအစဉ်သက်တမ်းကို မြန်မာနက် App မှာ ကြည့်နိုင်ပါတယ်။

၆။ မြန်မာကက် ကို မြန်မာနက်အင်တာနက်နဲ့ပဲ ကြည့်နိုင်တာလား။
ကြိုက်တဲ့ အင်တာနက်လိုင်းသုံးပြီး မြန်မာကက်ကို ကြည့်နိုင်ပါတယ်။

၇။ မြန်မာနိုင်ငံတွင်းမှာပဲ မြန်မာကက်ကို ကြည့်နိုင်တာလား။
တစ်ကမ္ဘာလုံး ဘယ်နေရာမှာမဆို မြန်မာကက်ကို ကြည့်နိုင်ပါတယ်။

၈။ မြန်မာကက် App က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်နိုင်ပေမယ့် ဒေါင်းလုဒ် ဆွဲလို့ မရပါဘူး။

၉။ မြန်မာကက် App ကို ဘယ် ဖုန်းအမျိုးအစားတွေမှာ ကြည့်လို့ရလဲ။
မြန်မာကက်ကို ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ချိတ်ဆက်ကြည့်နိုင်ပြီး TVie စက် တပ်ဆင်ထားသူများ TVie စက်ဖြင့် TV ကနေ ကြည့်ရှုနိုင်ပါတယ်။

၁၀။ မြန်မာကက် ကို ဖုန်းဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
မြန်မာကက်ကို အကောင့်တစ်ခုအတွက် ဖုန်းတစ်လုံး ချိတ်ဆက်ကြည့်နိုင်ပြီး တစ်ခြားဖုန်းမှာ ပြောင်းကြည့်မယ်ဆိုရင် အရင်ချိတ်ထားတဲ့ ဖုန်းကို ဖြုတ်ရပါမယ်။

၁။ myCANAL ဆိုတာ ဘာလဲ။
myCANALဟာ CANAL+ MYANMAR FG ရဲ့ အခပေး တီဗီရုပ်သံလိုင်းများနဲ့ အခမဲ့ရုပ်သံလိုင်းများကို ကြည့်နိုင်တဲ့ အပလီကေးရှင်း ဖြစ်ပါတယ်။

၂။ CANAL+ မှာ ဘာတွေကြည့်လို့ရမှာလဲ။
အခပေးနဲ့ အခမဲ့ တီဗီရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ၊ သီချင်း၊ သတင်း၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို တိုက်ရိုက်ကြည့်နိုင်သလို ၈ ရက်အတွင်း အစီအစဥ်တွေကိုလည်း ပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။

၃။ CANAL+ ကို ဘယ်လိုမျိုး ကြည့်ရမှာလဲ။
CANAL+ ကို ကြည့်ရှုဖို့အတွက် နှစ်သက်ရာ CANAL+  အစီအစဥ်ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် ဝယ်ယူပြီး  ရုပ်သံဇာတ်လမ်းတွဲအသစ်များနဲ့ တီဗီရုပ်သံလိုင်းကောင်းများကို တစ်ဝကြီးခံစား ကြည့်ရှုနိုင်ပါပြီ။

၄။ myCANAL App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက် WiFi ကို ချိတ်ဆက်ပြီးတော့ myCANAL App ကိုဖွင့်၊ Log in နေရာမှာ “Myanmar Net Customers” ကို ရွေးချယ်ခြင်းဖြင့် ဝင်ရောက်နိုင်ပါတယ်။

၅။ CANAL+ ကို စမ်းသပ်ကြည့်ရှုနိုင်ပါသလား။
မရနိုင်ပါ။

၆။ CANAL+ က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
myCANAL App ရှိ Series သို့မဟုတ် Movies နေရာရှိ ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲ၍ ၇ ရက် သက်တမ်းအတွင်း ကြည့်ရှုနိုင်ပါသည်။

၇။ CANAL+ ကို Device ဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
myCANAL ကို Prepaid သာမက Postpaid တွင်ပါ မတူညီသော Device နှစ်လုံးတွင် တစ်ပြိုင်နက်ချိတ်ဆက်ကြည့်နိုင်ပါသည်။

တစ်လလုံး အဝသုံးအင်တာနက်

+ အိမ်တွင်း လိုင်းဆွဲအား အပြည့်ဆုံး
+ အိမ်ပြင်သုံးအကောင့်ကတ်ဖြင့် မြန်မာနက်ကွန်ရက်နေရာများတွင် အခမဲ့သုံး
+ လစဉ်သုံးအစီအစဉ်များအားလုံးအတွက် Myanmar Cast အခမဲ့ကြည့်ရှုခွင့်

အိမ်ပြင်သုံးအကောင့်ကတ်မှာ လစဉ်သုံးအစီအစဉ်များ မှာယူသည့်အခါ ရရှိသော ကတ်ဖြစ်ပြီး မှာယူသူပိုင်ရှင်အနေဖြင့် ၎င်းကတ်ကိုအသုံးပြု၍ အကောင့်စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်သလို မြန်မာနက်ကွန်ရက်နေရာတိုင်းတွင်လည်း အင်တာနက်အသုံးပြုနိုင်မည် ဖြစ်သည်။

  • တပ်ဆင်ကြေး – ၁၈,၀၀၀ ကျပ် (တစ်လလျှင် ၃,၀၀၀ ကျပ်ဖြင့် ၆လ အရစ်ကျ)
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

CPE ဘက်ထရီစျေးနှုန်း
လက်ငင်း – ၅၅,၀၀၀ ကျပ် (မီးပျက်လျှင် ၄ နာရီခံ)
အရစ်ကျ – တစ်လလျှင် ၆,၀၀၀ ကျပ်ဖြင့် ၁၀ လ အရစ်ကျ (ပထမအရစ်ကို ဘက်ထရီစယူသောနေ့တွင် ပေးချေရပါမည်။

ငွေကြိုသွင်းရန်မလိုသော ၃ လ စာချုပ် ချုပ်ဆိုပြီး မြန်နှုန်းတိုးမြှင့်သုံးစွဲနိုင်ပါသည်။

မြန်မာနက် Mini

“သွားလေရာဆောင်သုံး … မြန်မာနက် Mini လိုင်းအကောင်းဆုံး” 

မီးပျက်ချိန်တွေမှာလည်း မြန်မာနက် ဧရိယာအတွင်း စိတ်ကြိုက်အသုံးပြုနိုင်ပြီး ဘယ်နေရာရောက်ရောက် လိုင်းဆွဲအားအကောင်းဆုံးနဲ့ အသုံးပြုနိုင်မယ့် မြန်မာနက် Mini

– ဖုန်းလိုင်းဆွဲအားထက် ၂ ဆမှ ၃ ဆ အထိ ပိုမိုကောင်းမွန်

– ပေါ့ပါးသေးငယ်သော အရွယ်အစား (၄လက်မ ပတ်လည်)

– အိမ်မှာသုံးရုံတင်မက သွားလေရာ သယ်ဆောင်အသုံးပြုနိုင်

– တပ်ဆင်ချိန်စောင့်ဆိုင်းစရာမလိုဘဲ မြန်မာနက်စတိုးများတွင် ချက်ချင်းရယူအသုံးပြုနိုင်

👉 စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

👉 စတင်သုံးစွဲခ – ၁၈,၀၀၀ ကျပ်

👉 စာချုပ်သက်တမ်း – ငွေကြိုသွင်းစရာမလိုသော ၃ လစာချုပ်

(မြန်မာနက်အင်တာနက်ဈေးနှုန်းများတွင် ကုန်သွယ်ခွန် ၁၅% ပါဝင်ပြီးဖြစ်သည်။)

မြန်မာနက်မီနီ မှာယူရန်

📞 ဝ၉ ၇၆၅၃၃ ၈၄၄၀

🏠 မြန်မာနက်စတိုးများ

ဖေဖော်ဝါရီလ ၂၈ ရက် 

မြန်မာနက် မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း အသိပေးကြေညာလွှာ တနင်္ဂ‌နွေနေ့ – မြန်မာနက်, Frontiir ကုမ္ပဏီ

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့တွင် ဆုံးပါးသွားသည့် ကိုညီညီအောင်ထက်နိုင်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာနက်မှ အသိပေးအပ်ပါသည်။

၂၀၁၈ ခုနှစ်ကတည်းက FRONTIIR ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော ကိုညီညီအောင်ထက်နိုင်သည် မြန်မာနက် Fiber Operation Team တွင် Network Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Network ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ရန် ရည်မှန်းထားသူ ကိုညီညီအောင်ထက်နိုင်သည် အလုပ်ကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှ အားကိုးချစ်ခင်ကြသူလည်း ဖြစ်ပါသည်။

အလုပ်နားရက်ဖြစ်သည့်အတွက် ကိုညီညီအောင်ထက်နိုင်သည် ယနေ့ ပြုလုပ်သော လူထုဆန္ဒပြပွဲ (လှည်းတန်း) တွင် မိသားစုနှင့်အတူ ငြိမ်းချမ်းစွာပါဝင်ခဲ့ပြီး သေနတ်ပစ်ခံရမှုကြောင့် ဆုံးပါးသွားခြင်းဖြစ်ပါသည်။

ကိုညီညီအောင်ထက်နိုင် ဆုံးပါးသွားမှုအတွက် အထူးပင် ဝမ်းနည်းကြေကွဲရပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မတ်လ ၁ ရက် တနင်္လာနေ့တွင် မြန်မာနက်စတိုးများ ပိတ်ထားမည်ဖြစ်ပြီး၊ Frontiir ကုမ္ပဏီရုံးချုပ်နှင့် မြန်မာနက်စတိုးများ ၏ မီးဆိုင်းဘုတ်များအားလုံးကို လည်း ပိတ်ထားမည်ဖြစ်ပါသည်

မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ မော်လမြိုင်၊ တောင်ကြီး နှင့်မကွေး မြို့များအတွက် ဖိုင်ဘာနှင့် ကြိုးမဲ့ နှစ်လိုင်းလုံးတစ်ပြိုင်နက်သုံးနိုင်သည့် စိတ်အချရဆုံး ဝန်ဆောင်မှု

  • မှာယူသူတစ်ဦးချင်းစီအတွက် သီးသန့်တာဝန်ခံရှိခြင်း
  • ၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း
  • သီးသန့်လိုင်းများဖြစ်သောကြောင့် လိုင်းပျက်တောက်မှုနည်းပါးပြီး တစ်လိုင်းပျက်လျှင်နောက်တစ်လိုင်းဖြင့် 40 Mbps ထိ ဆက်လက် အသုံးပြုနိုင်ခြင်း

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

ဖိုင်ဘာ သီးသန့်လိုင်း

  • ၁ လိုင်း တပ်ဆင်ကြေး – ၁၈,၀၀၀ ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

မြန်နှုန်းပေါ်မူတည်၍ ၁,၀၁၀,၀၀၀ ကျပ်အထိ အခြားလုပ်ငန်းသုံးအင်တာနက် အစီအစဥ်များလည်း ရှိပါသည်။

လုပ်ငန်းသုံးအင်တာနက်ဖြင့် TVie မှ အစီအစဥ်များကို TV နှင့် ဖုန်းတွင် အဝကြည့်နိုင်ပါသည်။

မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ တောင်ကြီး နှင့်ကွေး မြို့များအတွက် ဖိုင်ဘာနှစ်လိုင်းသုံးနိုင်သည့် စိတ်အချရဆုံး ဝန်ဆောင်မှု

  • တစ်လိုင်းပျက်လျှင် နောက်တစ်လိုင်းဖြင့် 40Mbps ထိ ဆက်လက်အသုံးပြုနိုင်ခြင်း
  • ဒုတိယ ဖိုင်ဘာလိုင်း လစဉ်ကြေး အခမဲ့
  • သီးသန့်တာဝန်ခံရှိခြင်းဖြင့် (၂၄) နာရီအတွင်း အခက်အခဲဖြေရှင်းပေးခြင်း

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

ဖိုင်ဘာ သီးသန့်လိုင်း

  • ပထမလိုင်း တပ်ဆင်ကြေး – အခမဲ့
  • ဒုတိယလိုင်း – ၃၉,၀၀၀ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ် ( ၁လိုင်း )

ဖိုင်ဘာမရလျှင် ကြိုးမဲ့ဖြင့်တပ်ဆင်နိုင်သည်။

လုပ်ငန်းသုံးအင်တာနက်ဖြင့် TVie မှ အစီအစဥ်များကို TV နှင့် ဖုန်းတွင် အဝကြည့်နိုင်ပါသည်။

၁။ VIP SSID နှင့်ချိတ်ဆက်ပြီး  မြန်မာနက် App ကို ဒေါင်းလုတ်ဆွဲပါ။

၂။ “ဖုန်းနံပါတ်နှင့် ဝင်ရန်” ကိုရွေးပြီး ဖုန်းနံပါတ်ဖြင့်ဖွင့်ထားသော အိမ်ပြင်သုံး owner အကောင့်နံပါတ်ကိုထည့်ပါ။

၃။ ထိုဖုန်းနံပါတ်သို့ပေးပို့လာသော verification code ၄ လုံးကိုထည့်ပါ။

၄။ မြန်မာနက်အပလီကေးရှင်း၏ ပက်ကေ့ချ် (package) မှ နှစ်သက်ရာ CANAL+ pack ကိုဝယ်ပါ။

၅။ ထို့နောက် “CANAL+ App” ကို ဒေါင်းလုတ်ဆွဲပြီး “Myanmar Net Customer” ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ (မြန်မာနက်ကို VIP SSID နှင့်ချိတ်ဆက်ထားရပါမည်။)

၆။ တစ်လချင်း ဝယ်ယူလိုပါက “Auto Renew” ကို ပိတ်ထားရပါမည်။

“မြန်မာနက်သုံးစွဲသူများအတွက် နှစ်သစ်ကူးမေတ္တာလက်ဆောင် myCANAL ၁ လ အခမဲ့ကြည့်ရှုခွင့် အထူးပရိုမိုးရှင်းအစီအစဉ်”

၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက် မှ ၂၀၂၂ မတ်လ ၁၅ ရက်အတွင်း မြန်မာနက်လစဥ်သုံးအစီအစဥ်သုံးစွဲသူများအားလုံးအတွက် မြန်မာနက်နဲ့ CANAL+ တို့၏နှစ်သစ်ကူးလက်ဆောင်အဖြစ် ရုပ်သံလိုင်း ၃၂ လိုင်းပါဝင်တဲ့ ၂,၅၀၀ ကျပ်တန် CANAL+ (အထူး) အစီအစဥ်ကို ၁ လ အခမဲ့ကြည့်ရှုခွင့် ရရှိမှာဖြစ်ပါသည်။

ပိုမိုသိရှိရန် →

ရှုံးထွက် ၁၆ သင်းအဆင့် – ပထမအကျော့

၁၄ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

မီလန် VS စပါး

ပီအက်စ်ဂျီ Vs ဘိုင်ယန်မြူးနစ်

၁၅ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

ကလပ်ဘရုဂျ် Vs ဘင်ဖီကာ

ဒေါ့မွန် Vs ချယ်လ်ဆီး

၂၁ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

လီဗာပူးလ် Vs ရီးယဲလ်မက်ဒရစ်

ဖရန့်ဖတ် Vs နာပိုလီ

၂၂ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

လိုက်ပ်ဇစ် Vs မန်စီးတီး

အင်တာမီလန် Vs ပေါ်တို

ရှုံးထွက် ၁၆ သင်းအဆင့် – ဒုတိယအကျော့

၇ မတ် ၂၀၂၃

မနက် ၀၂:၃၀

ဘင်ဖီကာ Vs ကလပ်ဘရုဂျ်

ချယ်လ်ဆီး Vs ဒေါ့မွန်

၈ မတ် ၂၀၂၃

မနက် ၀၂:၃၀

စပါး VS မီလန်

ဘိုင်ယန်မြူးနစ် Vs ပီအက်စ်ဂျီ

၁၄ မတ် ၂၀၂၃

မနက် ၀၂:၃၀

မန်စီးတီး Vs လိုက်ပ်ဇစ်

ပေါ်တို Vs အင်တာမီလန်

၁၅ မတ် ၂၀၂၃

မနက် ၀၂:၃၀

ရီးယဲလ်မက်ဒရစ် Vs လီဗာပူးလ်

နာပိုလီ Vs ဖရန့်ဖတ်

“မြန်မာနက်ချစ်သူများအတွက် CANAL+ ရဲ့ နှစ်သစ်လက်ဆောင်”

“၃ လ ကြည့် ၁ လ အခမဲ့”
(ပရိုမိုးရှင်းကာလ – ၂၀၂၂ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ)

မြန်မာနက်လစဉ်သုံးအစီအစဉ်သုံးစွဲသူများအတွက် CANAL+ မှ နှစ်သစ်လက်ဆောင်အနေဖြင့် ၁၁,၉၀၀ ကျပ် တန် CANAL+ pack ကို ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၃လ ဆက်တိုက်ကြည့်ရှုသူတိုင်း မတ် ၁ လအခမဲ့ ကြည့်ရှုခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

  • ၂၀၂၂-၂၃ ဥရောပချန်ပီယံလိဂ်၊ UFCနဲ့ အခြားလက်ဝှေ့ပွဲများအပါအဝင် CANAL+ ရုပ်သံလိုင်းပေါင်း ၅၂ လိုင်းကို TVie စက်ဖြင့် TV ပေါ်တွင်ကြည့်
  • မြန်မာနက်အပလီကေးရှင်းနှင့် ့်မြန်မာနက်စတိုးများတွင် ဝယ်ယူနိုင််

ဤအစီအစဉ်ကို မြန်မာနက်နှင့် CANAL+ တို့ ပူးပေါင်းတင်ဆက်ပေးထားခြင်းဖြစ်သည်။

ပိုမိုသိရှိရန် →

မြန်မာနက်လစဥ်သုံးစွဲသူ လုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံးချေးငွေ

ချေးငွေ၊ ပြန်ဆပ်ရမည့်သက်တမ်းနှင့် လစဥ်ပြန်သွင်းရမည့်ပမာဏ

လစဥ်ပြန်သွင်းငွေကို မြန်မာနက်လစဥ်ကြေးပေးဆောင်ရမည့်နေ့ရက်တွင် ပေးဆောင်ရပါမည်။

ဝန်ဆောင်ခ

• အိမ်တိုင်ရာရောက်ကောက်ခံပေးခြင်း – ၅၀၀ ကျပ်

• မြန်မာနက်စတိုးများတွင် ပေးသွင်းခြင်း – ၃၀၀ ကျပ်

ချေးငွေလျှောက်ထားရန်နှင့် ထုတ်ယူရန်

ဤချေးငွေကို WIN Progress Services (ချေးငွေလိုင်စင်အမှတ် NBFI/FC(R)-၀၇/၀၈/၂၀၁၆) မှ ပံ့ပိုးပေးပါသည်။

၁။ ချေးငွေလျှောက်ထားသူသည် မြန်မာနက်အင်တာနက်သုံးစွဲသူဖြစ်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများအနေဖြင့် ချေးငွေ ၁၀သိန်းကျပ် (သို့) ၂၅သိန်းကျပ် ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။ 

၂။ လျှောက်ထားသူအနေဖြင့် လက်ခံရမည့်ငွေပမာဏ၊ ချေးငွေပြန်ဆပ်ရမည့်ကာလ၊ လစဉ်အတိုးနှုန်းနှင့် လစဉ်ပြန်ဆပ်ရမည့်အသေးစိတ်အချက်အလက်တို့ကို မြန်မာနက်အပလီကေးရှင်းတွင်စစ်ဆေးနိုင်သည်။ ချေးငွေမလျှောက်ထားမီ “စည်းကမ်းချက်များ”အား မြန်မာနက်အပလီကေးရှင်းတွင် သေချာစွာဖတ်ရန်လိုအပ်ပါသည်။

၃။ မြန်မာနက်အပလီကေးရှင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း တို့ကိုပူးတွဲပြီးလျှောက်ထားရမည်။  လိုအပ်ပါက မြန်မာနက်မှ လိုအပ်သောစာရွက်စာတမ်းများကို ထပ်မံတောင်းခံပါမည်။

၄။ ချေးငွေအတည်ပြုပြီးနောက် လျှောက်ထားသူအနေဖြင့် အတည်ပြုကြောင်း အကြောင်းကြားစာကို လက်ခံရရှိပါမည်။

၁။ မြန်မာနက်မှ ချေးငွေထုတ်ယူရမည့်နေ့ရက်နှင့် နေရာကို လျှောက်ထားသူအား ဆက်သွယ်ပြောကြားပေးမည်။

၂။ လျှောက်ထားသူသည် မြန်မာနက်မှအတည်ပြုထားသည့် ချေးငွေသက်တမ်းကုန်ဆုံးရက်မတိုင်မီ ချေးငွေကိုထုတ်ယူရမည်။ ထိုရက်ကို မြန်မာနက်အပလီကေးရှင်းတွင် စစ်ဆေးနိုင်ပါသည်။

၃။ ချေးငွေထုတ်ယူသည့်အခါ လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း တို့ကို ယူဆောင်လာရန်လိုအပ်ပါသည်။