အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား ပြောင်းလဲသတ်မှတ်ခြင်းနှင့် ငွေကောက်ခံခြင်းဆိုင်ရာကိစ္စရပ်အား အသိပေးကြေညာခြင်း။ (၄-စက်တင်ဘာ-၂၀၂၅)

မင်္ဂလာပါ မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ…

အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား အောက်တိုဘာလ (၁)ရက်နေ့မှစတင်ပြီး ၅၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။

မြန်မာနက်လစဥ်ကြေးငွေပေးချေရန် အိမ်အရောက်ငွေကောက်ခံပေးသည့်ဝန်ဆောင်မှုကို ရယူထားသော လူကြီးမင်းများအနေဖြင့် လစဥ်ကြေးပေးဆောင်သည့်အခါတိုင်းတွင် ငွေလာရောက်ကောက်ခံသည့် မြန်မာနက်ဝန်ထမ်း Bill Collector ထံမှ “Myanmar Net” အမည်ဖြင့်ပေးပို့သော ငွေလက်ခံရရှိကြောင်း ငွေရပြေစာ စာတို (sms receipt) ကို လက်ခံရရှိပြီးမှသာ ငွေပေးချေပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ငွေရပြေစာ စာတိုလက်ခံမရရှိပါက မြန်မာနက်အက်ပလီကေးရှင်းတွင် လစဥ်ဘေလ်အားစစ်ဆေးပြီး ပေးချေနိုင်ပါသည်။

ငွေကောက်ခံသူ (Bill Collector) များသည် မြန်မာနက်ယူနီဖောင်းအင်္ကျီကိုဝတ်ဆင်ထားပြီး ဝန်ထမ်းကတ်ကို ချိတ်ဆွဲထားမည်ဖြစ်ပါသည်။

မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။