အ၀သုံး နှင့် အမြန်သုံး Pack များ

၁။ အဝသုံး Pack ဆိုတာ ဘာလဲ။
သတ်မှတ်ရက်ကာလအတွင်း ဒေတာအကန့်အသတ်မရှိ အင်တာနက်အဝသုံးနိုင်တဲ့ အစီအစဉ်ဖြစ်ပါသည်။

၂။ အမြန်သုံး Pack ဆိုတာ ဘာလဲ။
မြန်နှုန်း 7 Mbps နဲ့ သတ်မှတ်ဒေတာပမာဏကိုသတ်မှတ်ရက်အတွင်း အသုံးပြုနိုင်တဲ့ အင်တာနက်အစီအစဥ် ဖြစ်ပါသည်။

၃။ Pack တစ်ခု ဝယ်ထားပြီးရင် နောက်ထပ် အင်တာနက် Pack တွေကို ဝယ်နိုင်ပါသလား။
အဝသုံး Pack ကို အများဆုံး ၃ ခု အထိ ဝယ်နိုင်ပြီး အမြန်သုံး Pack ကိုတော့ အများဆုံး ၄ ခု အထိ ဝယ်နိုင်ပါတယ်။

၄။ Pack တွေကို ပေါင်းစည်းဝယ်ရင် ဘယ်လိုမျိုးဖြစ်မှာပါလဲ။
အဝသုံး Pack အတွက် မြန်နှုန်းတွေကို ပေါင်းစည်းရရှိမှာဖြစ်ပြီး အမြန်သုံး Pack အတွက် ဒေတာပမာဏကို ပေါင်းစည်းရရှိမှာ ဖြစ်ပါတယ်။ အဝသုံးနဲ့ အမြန်သုံး Pack ကို ပေါင်းပြီးဝယ်ရင်တော့ အမြန်သုံး Pack ကို အရင်ဆုံးသုံးမှာဖြစ်ပြီး ဒေတာပမာဏ ကုန်သွားတဲ့အခါမှာ သတ်မှတ်ရက် မကုန်သေးရင် အဝသုံး Pack ကို ဆက်ပြီးသုံးသွားမှာ ဖြစ်ပါတယ်။

၅။ အဝသုံး (သို့) အမြန်သုံး Pack တွေကို ဘယ်လိုဝယ်ရမှာလဲ။
နီးစပ်ရာ မြန်မာနက်စတိုးနဲ့ လက်လီအရောင်းဆိုင်တွေမှာ Pack Transfer (သို့) ခဲခြစ်ကတ်များအဖြစ် အလွယ်တကူ ဝယ်ယူနိုင်သလို အကောင့်ငွေဖြည့်ပြီး မြန်မာနက် အပလီကေးရှင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။