CANAL+ ကြည့်ရှုနိုင်သော မြန်မာနက်အစီအစဉ်များ၏ ဝန်ဆောင်မှု စျေးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း ( ၁၅-စက်တင်ဘာ-၂၀၂၆ )

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ …

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့မှစတင်၍ မြန်မာနက်အင်တာနက်ဖြင့် Canal+ ကြည့်ရှနိုင်သော အစီအစဥ်အချို့၏ စျေးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ 

မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

မြန်မာနက် လစဥ်သုံးအင်တာနက်ဖြင့် CANAL+ ကြည့် အစီအစဉ်

ယခုဈေးနှုန်းနှင့်မြန်နှုန်းယခင်ဈေးနှုန်းနှင့်မြန်နှုန်း
၄၆,၅၀၀ ကျပ် – မြန်နှုန်း 24 Mbps
(TVနှင့် ဖုန်းဖြင့် ကြည့်)
၄၄,၅၀၀ ကျပ် – မြန်နှုန်း 24 Mbps 
(TVနှင့် ဖုန်းဖြင့် ကြည့်)
၂၇,၅၀၀ ကျပ် – မြန်နှုန်း 10 Mbps
(ဖုန်းဖြင့် ကြည့်)
၂၆,၅၀၀ ကျပ် – မြန်နှုန်း 10 Mbps
(ဖုန်းဖြင့် ကြည့်)