၁။ မြန်မာနက်အကောင့်ကတ် ဆိုတာဘာပါလဲ။
အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မြန်မာနက်အကောင့်နံပါတ် (ဂဏန်း ၉ လုံး) နဲ့ လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး) ပါဝင်တဲ့ ခဲခြစ်ကတ်တွေဖြစ်ပြီး အကောင့်တွင်း ငွေဖြည့်၍ ဆက်လက်အသုံးပြုနိုင်ပါတယ်။
၂။ အကောင့်ကတ်တစ်ခုကို device ဘယ်နှစ်လုံးအသုံးပြုလို့ ရနိုင်ပါသလဲ။
အကောင့်ကတ်တစ်ခုကို device တစ်ခုသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
၃။ မြန်မာနက် အကောင့်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ဘယ်မှာဝယ်လို့ရပါသလဲ။
မြန်မာနက်စတိုးများနဲ့ နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များမှာ ခဲခြစ်ကတ် ဝယ်ယူနိုင်သလို မြန်မာနက်အပလီကေးရှင်း (သို့) WavePay တို့မှလည်း ဝယ်ယူနိုင်ပါသည်။
၄။ အကောင့်တွင်း အသုံးပြုမှုတွေကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
“Myanmar Net” ဝိုင်ဖိုင်ကို ချိတ်ဆက်ပြီးနောက် မြန်မာနက် အပလီကေးရှင်း (သို့မဟုတ်) www.myanmarnet.com တွင် အင်တာနက်သုံးစွဲမှုများ၊ ငွေဖြည့်ကတ်အသုံးပြုမှုများအတွက် စစ်ဆေးနိုင်ပါတယ်။
၅။ ကုန်လျှင် Auto ဝယ်စနစ်ဆိုတာ ဘာပါလဲ။
အင်တာနက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် Pack သက်တမ်းကုန်သွားတိုင်း အလိုအလျောက် ဝယ်ယူပေးတဲ့ စနစ်ဖြစ်ပါတယ်။
၆။ Auto ဝယ်စနစ်ကို အသုံးမပြုချင်ရော ရပါသလား။
Pack များကို ဝယ်ယူသည့်အခါ အောက်နေရာတွင် “ကုန်လျှင် Auto ဝယ်” စနစ်ကို ပိတ်ထားနိုင်ပါတယ်။
၇။ MAC Address ကို ဘယ်လို ကြည့်ရမှာလဲ။
WiFi Address ဟုလည်း ခေါ်ဆိုကြသည့် MAC Address ကို “Setting>About Device” မှာ ကြည့်နိုင်ပါတယ်။ (နမူနာပုံစံ – 77:33:C2:09:55:3A)
၈။ အကောင့်လျို့ဝှက်နံပါတ်ကို မေ့သွားတာ အသစ်ပြန်ရနိုင်မလား။
ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။
၉။ မြန်မာနက်ငွေဖြည့်ကတ်မှာ ပါဝင်တဲ့လျို့ဝှက်နံပါတ်ကို သုံးလို့မရတာ ဘယ်လိုလုပ်ရမှာပါလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။