GEN-2 အနှိုင်းမဲ့အင်တာနက်

၁။ GEN-2 အနှိုင်းမဲ့အင်တာနက် ဆိုတာ ဘာလဲ။
မြန်မာနက် GEN-2 အနှိုင်းမဲ့ အင်တာနက်ဆိုတာ အဆင့်မြင့်နည်းပညာများဖြင့် အထူးပြုပြင်မွမ်းမံထားသော အင်တာနက်ဖြစ်ပါတယ်။

၂။ GEN-2 အနှိုင်းမဲ့အင်တာနက် အစီအစဥ်တွေအတွက် လစဥ်ကြေးဘယ်လောက်ကနေ စသလဲ။

လူတန်းစားမရွေးအသုံးပြုနိုင်ရန် Gen-2 အနှိုင်းမဲ့ အင်တာနက်အစီအစဉ်တွေကို လစဥ်ကြေး ၁၅,၅၀၀ ကျပ် မှ စတင်ပြီး ဝန်ဆောင်မှုပေးထားပါတယ်။


၃။ လစဥ်ကြေး ၁၅,၅၀၀ ကျပ် အစီအစဥ်က လိုင်းရော ကောင်းပါ့မလား။
၁၅,၅၀၀ ကျပ် အစီအစဥ်အပါအဝင် မြန်မာနက်အင်တာနက် အစီအစဥ်များအားလုံးအတွက် Bandwidth အပြည့်အဝ ရရှိပြီး လိုင်းကောင်းကောင်းနဲ့ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် CPE တပ်ဆင်ပေးပါတယ်။

၄။ CPE ဆိုတာ ဘာပါလဲ။
Postpaid CPE (Customer Premise Equipment) ဆိုတာ မြန်မာနက် လစဥ်အဝသုံးအင်တာနက် မှာယူထားသူတွေအတွက် နေအိမ်နေရာအနှံ့မှာ ချိတ်ဆက်မှုကောင်းမွန်စွာ အင်တာနက်အသုံးပြုနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။

၅။ မြန်မာနက်အင်တာနက်မှာပဲရရှိနိုင်တဲ့ အပိုဝန်ဆောင်မှုတွေက ဘာတွေလဲ။
မြန်မာနက်လစဉ်သုံးအင်တာနက်သုံးစွဲသူတွေအနေနဲ့ မြန်မာနက်ကွန်ရက်ရရှိတဲ့နေရာတိုင်းမှာ အပိုငွေထပ်မံကုန်ကျစရာမလိုဘဲ မိမိဖုန်းနဲ့ မြန်မာနက်ကိုချိတ်ဆက်သုံးနိုင်တဲ့ အိမ်ပြင်သုံးအကောင့်အခမဲ့ရရှိခြင်း၊ အိမ်တိုင်ရာရောက်လစဉ်ကြေးကောက်ခံပေးခြင်းတို့ဖြင့် အကောင်းဆုံးသောဝန်ဆောင်မှုတွေ ရရှိမှာဖြစ်ပါတယ်။


၆။အိမ်ပြင်သုံးအကောင့်ဆိုတာ ဘာလဲ။
နေအိမ်တွင်းမှာသာမက မြန်မာနက်ကွန်ရက်ရရှိတဲ့နေရာတိုင်းမှာ အပိုငွေထပ်မံကုန်ကျစရာမလိုဘဲ မိမိဖုန်းနဲ့ မြန်မာနက်ကိုချိတ်ဆက်သုံးနိုင်ဖို့  လစဉ်သုံးအစီအစဉ်သုံးစွဲသူတွေကို ထုတ်ပေးထားတဲ့  username နဲ့ password ပါတဲ့ အခမဲ့အကောင့်ဖြစ်ပါတယ်။


၇။ လစဉ်ကြေးကို ဘယ်လိုပေးဆောင်ရမှာလဲ။
မြန်မာနက်အသုံးပြုသူများအနေနဲ့ အိမ်အရောက်လစဉ်ကြေးကောက်ခံချိန်တွင် ပေးသွင်းနိုင်ခြင်း၊ နီးစပ်ရာ မြန်မာနက်စတိုးနှင့် ကိုယ်စားလှယ်ဆိုင်များမှတဆင့် ပေးသွင်းနိုင်ခြင်း၊ YOMA၊ AYA၊ CB၊ KBZဘဏ်ခွဲများနှင့် အဆိုပါဘဏ်များ၏ Mobile Banking Application များမှတဆင့် ပေးသွင်းခြင်းများအပြင် Wave Pay၊ Citizens Pay တို့မှလည်း ပေးသွင်းနိုင်ပါတယ်။

၈။ လစဉ် အဝသုံးအင်တာနက် အစီအစဉ််တွေကို ဘယ်လို ဆက်သွယ်မှာယူရမလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ဖုန်းနံပါတ်များဖြစ်သော 

Myanmar Net – 09 765 338 440 

Myanmar Net Plus -09 765 338 441

Myanmar Net Gen2 – 09 765 479 125 

Myanmar Net Biz – 09 765 479 118 

တို့ကို မနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ရုံးချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနက် Application သို့မဟုတ် မြန်မာနက် Website  www.myanmarnet.com ၏ အွန်လိုင်းဖောင်များရှိ Pre-order Form ကိုဖြည့်စွက်မှာယူခြင်းအပြင် အီးမေးလ်လိပ်စာ cs@myanmarnet.com တို့မှတဆင့်လည်း ဆက်သွယ်မှာယူနိုင်ပါသည်။