MMIA | Dai-ichi Life Insurance Myanmar


MMIA (MM Insurance Agency) သည် “Dai-ichi Life Insurance Myanmar” ၏ အသက်အာမခံဝန်ဆောင်မှုများကို “မြန်မာနက်” နှင့် ပူးပေါင်းဆောင်ရွက် ဖြန့်ချိပေးပါသည်။ “Dai-ichi Life Insurance Myanmar” ၏ ကမ္ဘာ့အဆင့်မီ အသက်အာမခံ ဝန်ဆောင်မှုများသည် သင်နှင့် သင်ချစ်ရသူအား အနာဂတ် ငွေကြေးလုံခြုံမှုရှိစေရန် ကူညီပေးပါမှာဖြစ်ပြီး ထိုဝန်ဆောင်မှုများ ပိုမိုကျယ်ပြန့်လာစေရန် MMIA မှ ကြားခံအဖြစ် ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။

အာမခံအကြောင်း အသေးစိတ်သိရှိလိုပါက
hotline: ဝ၉ ၇၆၅ ၄၄၄ ၁၅၀
မြန်မာနက်စတိုးများ

Dai-ichi Life Insurance Myanmar သည် ဂျပန်နိုင်ငံ၏အသက်အာမခံစျေးကွက်ကိုဦးဆောင်နေသော Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ Dai-ichi Life Group သည် နိုင်ငံပေါင်း (၉) နိုင်ငံတွင် ရေရှည်ငွေကြေးကာကွယ်မှု နှင့် အသက်အာမခံဝန်ဆောင်မှုများကို အာမခံပေါ်လစီ ဝယ်ယူသူများနှင့် ၎င်းတို့၏မိသားစုဝင်များအား ဝန်ဆောင်မှုပေးခဲ့သည်မှာ နှစ်ပေါင်း (၁၂၀) နှစ် ရှိခဲ့ပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် Dai-ichi Life Insurance Myanmar သည် မြန်မာပြည်သူများအား ကမ္ဘာ့အဆင့်မီ အသက်အာမခံ ၀န်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် တရားဝင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့သည်။   “Customer First” ဆိုသည့် ခံယူချက်သည် Dai-ichi Life ကို မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်နိုင်ရန် လမ်းပြပေးသည်သာမက အာမခံ လုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်တွင်းနှင့်နိုင်ငံတကာ အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူများနှင့်အတူ မြန်မာပြည်သူများ ၏လူမှုအသိုက်အဝန်းအတွက် အဓိပ္ပာယ်ရှိသည့် အကျိုး သက်ရောက်မှုတစ်ခုကို ဖန်တီးနိုင်ရန်အတွက် Dai-ichi Life ၏ (၁၂၀) နှစ်သက်တမ်းရှိ အရည်အသွေးပြည့်မီသည့် ဝန်ဆောင်မှု များကိုပေးရန်ရည်ရွယ်ပါသည်။

Dai-ichi Life Insurance Myanmar သည် “ထာဝရ သင်နှင့်အတူ” ဆို သည့် အဖွဲ့အစည်း၏ ခံယူချက်အတိုင်း အသက်အာမခံ ဝန်ဆောင်မှုများပေးအပ်ခြင်းဖြင့် စိတ်အေးချမ်းသာစွာဖြင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးရန် နှင့် ‌‌ဒေသခံလူမှုအသိုက်အဝန်းကို ပံ့ပိုးကူညီပေးနိုင်ရန် ကတိကဝတ်ပြုပါသည်။

Available at Myanmar Net Store

Htar-Wa-Ra Edu Goal

Life Pro

Active Care

Employee Benefit Program

total Care