စတိုးဆိုင်များ ပိတ်ထားခြင်းနှင့် လစဉ်ကြေးကောက်ခံမှုဆိုင်ရာကြေညာချက်

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား …
လက်ရှိဖြစ်ပေါ်လျက်ရှိသော COVID 19 ရောဂါအခြေအနေများကြောင့် မြန်မာနက်စတိုးဆိုင်များကို ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၆ ရက်တွင် စတိုးဆိုင်များကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် လစဉ်ကြေးများကို ထိုနေ့မှ စတင်၍ ပြန်လည်ပေးသွင်းနိုင်ပြီဖြစ်ပါသည်။
ဇူလိုင် ၂၅ ရက်နေ့တွင် လစဉ်ကြေးနောက်ဆုံးပေးဆောင်ရမည့် သုံးစွဲသူများအားလုံးသည် ဇူလိုင် ၂၆ ရက်နေ့အထိ ငွေပေးဆောင်ခြင်း မရှိခဲ့ပါက အင်တာနက်လိုင်းများကို ဇူလိုင် ၂၇ ရက်တွင် ဆိုင်းငံ့ ဖြတ်တောက်သွားမည်ဖြ စ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။