ကွန်ရက်ဝန်ဆောင်မှုဆိုင်ရာ မေတ္တာရပ်ခံချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ လမ်းပမ်းဆက်သွယ်ရေးများ အခက်အခဲရှိခြင်း နှင့်  ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးရခြင်းများကြောင့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်ရမည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင်မပြေမှုတချို့ ဖြစ်ပေါ်လျှက်ရှိနေပါသည်။ 

အသုံးပြုသူများအတွက် ထာဝစဥ်ဦးစားပေးဆောင်ရွက်လျက်ရှိသော မြန်မာနက်အနေဖြင့် အင်တာနက်ကွန်ရက် လုံးဝပြတ်တောက်သွားခြင်းမျိုးမရှိဘဲ နေ့စဥ်ချိတ်ဆက်သုံးနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါကြောင်းနှင့် လူကြီးမင်းတို့အနေဖြင့် အင်တာနက်အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။