မြန်မာနက်တပ်ဆင်ကြေး ပြောင်းလဲခြင်းအသိပေးကြေညာချက်

မြန်မာနက်တပ်ဆင်ကြေး ပြောင်းလဲခြင်းအသိပေးကြေညာချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

အသုံးပြုသူများအတွက် အစဥ်အမြဲ ဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် လတ်တလောအခြေအနေတွင် အထွေထွေကုန်ကျစရိတ်များ နေ့စဉ်နှင့်အမျှမြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိရာ ယခုအခါတွင် မလွဲမရှောင်သာ၍ တပ်ဆင်မှုနှုန်းထားများကို ပြောင်းလဲတိုးမြှင့်ခဲ့ရပါသည်။

အထက်ပါအကြောင်းအရာများကြောင့် မြန်မာနက်နှင့် မြန်မာနက်ပလပ်စ် တပ်ဆင်မှု နှုန်းထားများကို ဧပြီလ ၁၈ ရက်မှ စတင်၍ ယခင် ၉,၀၀၀ ကျပ် မှ ယခု ၁၉,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာသုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်။

မြန်မာနက် အင်တာနက်