မြန်မာနက်အင်တာနက်အတွက် ငွေပေးချေခြင်းဆိုင်ရာကြေညာချက်

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ ..

မြန်မာနက်၏ ငွေပေးချေစနစ်များ (လစဥ်ကြေးများ၊ တပ်ဆင်ကြေး၊ စပေါ်ငွေနှင့် အခြားငွေပေးချေခြင်းများ) ကို လေးစားစွာ အသိပေးလိုပါသည်။

၁။ မြန်မာနက်ဝန်ထမ်းများမှ အိမ်တိုင်ရာရောက် ငွေကောက်ခံပေးခြင်း

၂။ မြန်မာနက်စတိုးများတွင် ငွေပေးသွင်းနိုင်ခြင်း

၃။ မြန်မာနက်၏ တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ငွေပေးသွင်းနိုင်ခြင်း

၄။ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် CB ဘဏ် တို့၏ mobile banking စနစ်ဖြင့်လည်းကောင်း၊ CB Pay နှင့် Citizens Pay တို့ဖြင့်လည်းကောင်း ငွေပေးသွင်းနိုင်ပါသည်။

အထက်ဖော်ပြပါစနစ်များမှလွဲ၍ အခြားနည်းလမ်းများဖြင့် ငွေကောက်ခံခြင်းသလို ဖုန်းနံပါတ်များသို့ တိုက်ရိုက်ငွေပေးဆောင်ခိုင်းခြင်းလည်း မရှိပါ။

ယခုအခါ မြန်မာနက်နှင့်ဆင်တူရိုးမှား ဖေ့စ်ဘုတ်ပေ့ချ်များဖွင့်ကာ လိမ်လည်ငွေတောင်းခံမှုများ ပြုလုပ်လျှက်ရှိသည်ကို ကြားသိရပါသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ်တို့၏တရားဝင်ဝဘ်ဆိုဒ်ဖြစ်သော www.myanmarnet.com နှင့် “Myanmar Net Community” viber group https://bit.ly/33iYJ1L တို့တွင်ဖော်ပြထားသော ငွေပေးချေမှုနည်းလမ်းများမှလွဲ၍ ငွေပေးချေခြင်းများမပြုလုပ်ကြပါရန်နှင့် ထိုကဲ့သို့သော ပေးချေမှုများအတွက် မြန်မာနက်မှ တာဝန်ယူမည်မဟုတ်ပါကြောင်းကို လေးစားစွာအသိပေးအပ်ပါသည်။

သိရှိလိုသည်များရှိပါက မြန်မာနက်အပလီကေးရှင်းနှင့် မြန်မာနက်ဝဘ်ဆိုက်ရှိ “Chat” သို့ အချိန်မရွေးဆက်သွယ်နိုင်ပြီး၊ ဖုန်း ၀၉ ၇၆၅၃၃ ၈၄၄၀ နှင့် ၀၉ ၇၆၅၃၃ ၈၄၄၁ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

လေးစားစွာဖြင့်

မြန်မာနက်အင်တာနက်