“မြန်မာနက် pack များနှင့် အိမ်ပြင်သုံးကတ်များကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးခြင်း”

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား …

မမျှော်လင့်သော အခက်အခဲများကြောင့် ယာယီပိတ်ထားခဲ့သော မြန်မာနက် အဝသုံး pack များ၊ ဒေတာ pack များ နှင့် အိမ်ပြင်သုံးကတ်များကို ယခုအခါတွင် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

လူကြီးမင်းတို့ သုံးစွဲလက်စဖြစ်သော pack ၏ လက်ကျန် ရက်များ (သို့မဟုတ်) လက်ကျန်ဒေတာများကို ယခင် username နှင့် password ဖြင့် ဇွန်လ ၁၂ ရက်နေ့မှ စတင်သုံးစွဲနိုင်မည်ဖြစ်ပါသည်။

အဆင်မပြေများအပေါ် နားလည်ပေးခြင်းနှင့် ယုံကြည်စွာသုံးစွဲကြသူများအား မြန်မာနက်အင်တာနက်မှ အထူးကျေးဇူးတင်လျှက်ရှိပါသည်။

မြန်မာနက်