လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက် (ဧပြီလ ၈ ရက် ၂၀၂၁)

မင်္ဂလာပါ…

မြန်မာနက်မှ  လတ်တလောကာလအတွင်း အိမ်အရောက် ငွေကောက်ခံသည့် ၀န်ဆောင်မှုကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနက်စတိုးများအားလုံးကိုလည်း နေ့စဉ်နီးပါးဖွင့်နိုင်အောင် ကြိုးစားပေးခဲ့ပါသည်။

သို့သော်လည်း ၂ လကျော်သည့်တိုင်အောင် လစဉ်ကြေးလာရောက် ပေးသွင်းခြင်းမရှိသည့် Customer အချို့ကြောင့် လိုင်းများဖြတ်တောက်လိုက်ရခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

လစဥ်ကြေးပေးဆောင်ပြီး အမြန်ဆုံးလိုင်းပြန်လည်ရရှိရန် Hotlineနံပါတ် 09 765 444 150 ကိုဆက်သွယ်နိုင်ပါသည်။ လစဥ်ကြေးများကို နီးစပ်ရာမြန်မာနက်စတိုးများ၊ မြန်မာနက် အ‌‌ရောင်းကိုယ်စားလှယ်ဆိုင်များနှင့်  KBZ, AYA,CB Mobile Banking နှင့် CB Pay များမှ တဆင့်ပေးချေနိုင်ပါသည်။

လတ်တလောအချိန်တွင် အင်တာနက်ဆိုင်ရာ အခက်အခဲများနှင့် လိုင်းအသစ်တပ်ဆင်မှုတို့ကြောင့် ဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက်ရှိနေပါသဖြင့်  ဖုန်းခေါ်ဆိုရာတွင် ကြန့်ကြာခြင်းများ ဖြစ်ပေါ်နေသည့်အပေါ်  နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

အသုံးပြုသူများအတွက် ထာဝစဥ်ဦးစားပေးဆောင်ရွက်လျက်ရှိသော မြန်မာနက်အနေဖြင့် အင်တာနက်ကွန်ရက် နေ့စဥ်ချိတ်ဆက်သုံးနိုင်ရန်အတွက် အကောင်းဆုံး၀န်ဆောင်မှုပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။