CANAL+

၁။ myCANAL ဆိုတာ ဘာလဲ။
myCANALဟာ CANAL+ MYANMAR FG ရဲ့ အခပေး တီဗီရုပ်သံလိုင်းများနဲ့ အခမဲ့ရုပ်သံလိုင်းများကို ကြည့်နိုင်တဲ့ အပလီကေးရှင်း ဖြစ်ပါတယ်။

၂။ CANAL+ မှာ ဘာတွေကြည့်လို့ရမှာလဲ။
အခပေးနဲ့ အခမဲ့ တီဗီရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ၊ သီချင်း၊ သတင်း၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို တိုက်ရိုက်ကြည့်နိုင်သလို ၈ ရက်အတွင်း အစီအစဥ်တွေကိုလည်း ပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။

၃။ CANAL+ ကို ဘယ်လိုမျိုး ကြည့်ရမှာလဲ။
CANAL+ ကို ကြည့်ရှုဖို့အတွက် နှစ်သက်ရာ CANAL+  အစီအစဥ်ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် ဝယ်ယူပြီး  ရုပ်သံဇာတ်လမ်းတွဲအသစ်များနဲ့ တီဗီရုပ်သံလိုင်းကောင်းများကို တစ်ဝကြီးခံစား ကြည့်ရှုနိုင်ပါပြီ။

၄။ myCANAL App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက် WiFi ကို ချိတ်ဆက်ပြီးတော့ myCANAL App ကိုဖွင့်၊ Log in နေရာမှာ “Myanmar Net Customers” ကို ရွေးချယ်ခြင်းဖြင့် ဝင်ရောက်နိုင်ပါတယ်။

၅။ CANAL+ ကို စမ်းသပ်ကြည့်ရှုနိုင်ပါသလား။
မရနိုင်ပါ။

၆။ CANAL+ က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
myCANAL App ရှိ Series သို့မဟုတ် Movies နေရာရှိ ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲ၍ ၇ ရက် သက်တမ်းအတွင်း ကြည့်ရှုနိုင်ပါသည်။

၇။ CANAL+ ကို Device ဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
myCANAL ကို Prepaid သာမက Postpaid တွင်ပါ မတူညီသော Device နှစ်လုံးတွင် တစ်ပြိုင်နက်ချိတ်ဆက်ကြည့်နိုင်ပါသည်။

မြန်မာကက်

၁။ မြန်မာကက် ဆိုတာ ဘာလဲ။
မြန်မာကက် ဆိုတာ ဖျော်ဖြေရေးဆိုင်ရာ ရုပ်သံအစီအစဉ်တွေကို ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ကြည့်ရှုနိုင်တဲ့ Streaming App တစ်ခု ဖြစ်ပါတယ်။

၂။ မြန်မာကက် မှာ ဘာတွေကြည့်လို့ရမှာလဲ ။
မြန်မာဗီဒီယိုများ၊ မြန်မာဇာတ်လမ်းတွဲအသစ်များ၊ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ LIVE TV အစီအစဉ်များ၊ ကြော်ငြာမပါ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ တေးဂီတ၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို ကြည့်နိုင်ပါတယ်။

၃။ မြန်မာကက် App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက်အကောင့်ရှိသူများ မြန်မာနက်ချိတ်ဆက်ထားပါက မြန်မာကက် App ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာနက်ချိတ်ထားခြင်း မရှိပါက မြန်မာကက် ရက် (၃၀) ခဲခြစ်ကတ်မှာပါတဲ့ Username ၊ Password တို့ကို အသုံးပြုပြီးတော့လည်း မြန်မာကက် App ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၄။ ခဲခြစ်ကတ်တွေကို ဘယ်မှာ ဝယ်ရမှာလဲ။
မြန်မာကက် ခဲခြစ်ကတ်ကို နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များနဲ့ မြန်မာနက်စတိုးတွေမှာ ဝယ်နိုင်ပါတယ်။

၅။ ဝယ်ယူထားတဲ့ မြန်မာကက် အစီအစဉ်သက်တမ်း ကုန်ဆုံးမယ့်ရက်ကို ဘယ်လိုသိနိုင်မလဲ။
မြန်မာကက် အစီအစဉ်သက်တမ်းကို မြန်မာနက် App မှာ ကြည့်နိုင်ပါတယ်။

၆။ မြန်မာကက် ကို မြန်မာနက်အင်တာနက်နဲ့ပဲ ကြည့်နိုင်တာလား။
ကြိုက်တဲ့ အင်တာနက်လိုင်းသုံးပြီး မြန်မာကက်ကို ကြည့်နိုင်ပါတယ်။

၇။ မြန်မာနိုင်ငံတွင်းမှာပဲ မြန်မာကက်ကို ကြည့်နိုင်တာလား။
တစ်ကမ္ဘာလုံး ဘယ်နေရာမှာမဆို မြန်မာကက်ကို ကြည့်နိုင်ပါတယ်။

၈။ မြန်မာကက် App က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်နိုင်ပေမယ့် ဒေါင်းလုဒ် ဆွဲလို့ မရပါဘူး။

၉။ မြန်မာကက် App ကို ဘယ် ဖုန်းအမျိုးအစားတွေမှာ ကြည့်လို့ရလဲ။
မြန်မာကက်ကို ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ချိတ်ဆက်ကြည့်နိုင်ပြီး TVie စက် တပ်ဆင်ထားသူများ TVie စက်ဖြင့် TV ကနေ ကြည့်ရှုနိုင်ပါတယ်။

၁၀။ မြန်မာကက် ကို ဖုန်းဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
မြန်မာကက်ကို အကောင့်တစ်ခုအတွက် ဖုန်းတစ်လုံး ချိတ်ဆက်ကြည့်နိုင်ပြီး တစ်ခြားဖုန်းမှာ ပြောင်းကြည့်မယ်ဆိုရင် အရင်ချိတ်ထားတဲ့ ဖုန်းကို ဖြုတ်ရပါမယ်။

ကြိုတင်ငွေဖြည့်သုံး CPE

၁။ ကြိုတင်ငွေဖြည့်သုံး CPE ဆိုတာ ဘာပါပဲ။
Prepaid CPE (Customer Premise Equipment) ဆိုတာ နေအိမ်တွင်း နေရာအနှံ့နဲ့ မြန်မာနက်ကွန်ရက်နေရာတွေမှာ လိုင်းကောင်းမွန်စွာ ချိတ်ဆက်သုံးစွဲနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး မြန်မာနက်ငွေဖြည့်ကတ်စနစ် အသုံးပြုသူများအတွက် ငှားရမ်းပေးပါတယ်။

၂။ CPE ကို ဘာကြောင့်သုံးသင့်ပါသလဲ။
CPE မတပ်ဘဲလည်း မြန်မာနက်အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။ CPE ကို အသုံးပြုရင်တော့ နေအိမ်တွင်း နေရာအနှံ့မှာ ပိုပြီးတော့ လိုင်းကောင်းမွန်စွာနဲ့ ချိတ်ဆက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

၃။ CPE ငှားရမ်းခငွေကို ဘယ်လိုပေးချေရမှာပါလဲ။
အကောင့်ငွေကြိုတင်ဖြည့်ထားတဲ့ မြန်မာနက်အကောင့်ထဲကနေ CPE ငှားရမ်းခငွေကို အလိုအလျောက် ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၄။ CPE ငှားရမ်းခအတွက် အကောင့်ငွေဖြည့်မထားရင် ဘယ်လိုဖြစ်မှာပါလဲ။
အကောင့်ငွေဖြည့်သွင်းထားခြင်းမရှိပါက CPE ငှားရမ်းခကို ပေးချေနိုင်ရန်အတွက် တစ်လ စောင့်ပေးသွားမှာဖြစ်ပြီး တစ်လထက်ကျော်လွန်သွားရင်တော့ CPE မှ အင်တာနက်ထုတ်လွှင့်မှု ရပ်တန့်သွားမှာဖြစ်ပါတယ်။

၅။ ကြိုတင်ငွေဖြည့်သုံး CPE အစီအစဥ်များကို ရယူခြင်း / ပယ်ဖျက်ခြင်း
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

အကောင့်ကတ်နှင့် ငွေဖြည့်ကတ်များ

၁။ မြန်မာနက်အကောင့်ကတ် ဆိုတာဘာပါလဲ။
အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မြန်မာနက်အကောင့်နံပါတ် (ဂဏန်း ၉ လုံး) နဲ့ လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး) ပါဝင်တဲ့ ခဲခြစ်ကတ်တွေဖြစ်ပြီး အကောင့်တွင်း ငွေဖြည့်၍ ဆက်လက်အသုံးပြုနိုင်ပါတယ်။

၂။ အကောင့်ကတ်တစ်ခုကို device ဘယ်နှစ်လုံးအသုံးပြုလို့ ရနိုင်ပါသလဲ။
အကောင့်ကတ်တစ်ခုကို device တစ်ခုသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

၃။ မြန်မာနက် အကောင့်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ဘယ်မှာဝယ်လို့ရပါသလဲ။
မြန်မာနက်စတိုးများနဲ့  နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များမှာ ခဲခြစ်ကတ် ဝယ်ယူနိုင်သလို မြန်မာနက်အပလီကေးရှင်း (သို့) WavePay တို့မှလည်း ဝယ်ယူနိုင်ပါသည်။

၄။ အကောင့်တွင်း အသုံးပြုမှုတွေကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
“Myanmar Net” ဝိုင်ဖိုင်ကို ချိတ်ဆက်ပြီးနောက် မြန်မာနက် အပလီကေးရှင်း (သို့မဟုတ်) www.myanmarnet.com တွင် အင်တာနက်သုံးစွဲမှုများ၊ ငွေဖြည့်ကတ်အသုံးပြုမှုများအတွက် စစ်ဆေးနိုင်ပါတယ်။

၅။ ကုန်လျှင် Auto ဝယ်စနစ်ဆိုတာ ဘာပါလဲ။
အင်တာနက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် Pack သက်တမ်းကုန်သွားတိုင်း အလိုအလျောက် ဝယ်ယူပေးတဲ့ စနစ်ဖြစ်ပါတယ်။

၆။ Auto ဝယ်စနစ်ကို အသုံးမပြုချင်ရော ရပါသလား။
Pack များကို ဝယ်ယူသည့်အခါ အောက်နေရာတွင် “ကုန်လျှင် Auto ဝယ်” စနစ်ကို ပိတ်ထားနိုင်ပါတယ်။

၇။ MAC Address ကို ဘယ်လို ကြည့်ရမှာလဲ။
WiFi Address ဟုလည်း ခေါ်ဆိုကြသည့် MAC Address ကို “Setting>About Device” မှာ ကြည့်နိုင်ပါတယ်။ (နမူနာပုံစံ – 77:33:C2:09:55:3A)

၈။ အကောင့်လျို့ဝှက်နံပါတ်ကို မေ့သွားတာ အသစ်ပြန်ရနိုင်မလား။
ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။

၉။ မြန်မာနက်ငွေဖြည့်ကတ်မှာ ပါဝင်တဲ့လျို့ဝှက်နံပါတ်ကို သုံးလို့မရတာ ဘယ်လိုလုပ်ရမှာပါလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

အ၀သုံး နှင့် အမြန်သုံး Pack များ

၁။ အဝသုံး Pack ဆိုတာ ဘာလဲ။
သတ်မှတ်ရက်ကာလအတွင်း ဒေတာအကန့်အသတ်မရှိ အင်တာနက်အဝသုံးနိုင်တဲ့ အစီအစဉ်ဖြစ်ပါသည်။

၂။ အမြန်သုံး Pack ဆိုတာ ဘာလဲ။
မြန်နှုန်း 7 Mbps နဲ့ သတ်မှတ်ဒေတာပမာဏကိုသတ်မှတ်ရက်အတွင်း အသုံးပြုနိုင်တဲ့ အင်တာနက်အစီအစဥ် ဖြစ်ပါသည်။

၃။ Pack တစ်ခု ဝယ်ထားပြီးရင် နောက်ထပ် အင်တာနက် Pack တွေကို ဝယ်နိုင်ပါသလား။
အဝသုံး Pack ကို အများဆုံး ၃ ခု အထိ ဝယ်နိုင်ပြီး အမြန်သုံး Pack ကိုတော့ အများဆုံး ၄ ခု အထိ ဝယ်နိုင်ပါတယ်။

၄။ Pack တွေကို ပေါင်းစည်းဝယ်ရင် ဘယ်လိုမျိုးဖြစ်မှာပါလဲ။
အဝသုံး Pack အတွက် မြန်နှုန်းတွေကို ပေါင်းစည်းရရှိမှာဖြစ်ပြီး အမြန်သုံး Pack အတွက် ဒေတာပမာဏကို ပေါင်းစည်းရရှိမှာ ဖြစ်ပါတယ်။ အဝသုံးနဲ့ အမြန်သုံး Pack ကို ပေါင်းပြီးဝယ်ရင်တော့ အမြန်သုံး Pack ကို အရင်ဆုံးသုံးမှာဖြစ်ပြီး ဒေတာပမာဏ ကုန်သွားတဲ့အခါမှာ သတ်မှတ်ရက် မကုန်သေးရင် အဝသုံး Pack ကို ဆက်ပြီးသုံးသွားမှာ ဖြစ်ပါတယ်။

၅။ အဝသုံး (သို့) အမြန်သုံး Pack တွေကို ဘယ်လိုဝယ်ရမှာလဲ။
နီးစပ်ရာ မြန်မာနက်စတိုးနဲ့ လက်လီအရောင်းဆိုင်တွေမှာ Pack Transfer (သို့) ခဲခြစ်ကတ်များအဖြစ် အလွယ်တကူ ဝယ်ယူနိုင်သလို အကောင့်ငွေဖြည့်ပြီး မြန်မာနက် အပလီကေးရှင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။

ကြိုတင်ငွေဖြည့်သုံး ဖုန်းအင်တာနက်

၁။ ကြိုတင်ငွေဖြည့်သုံး ဖုန်းအင်တာနက်ဆိုတာ ဘာပါလဲ။
ဖုန်းအင်တာနက်အတွက် username နှင့် password ပါဝင်သော ကြိုတင်ငွေဖြည့်သုံးအကောင့်ကတ် ဖြစ်ပါသည်။

၂။ မြန်မာနက်ဝန်ဆောင်မှုဌာနကို ဘယ်လိုဆက်သွယ်ရမှာလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

GEN-2 အနှိုင်းမဲ့အင်တာနက်

၁။ GEN-2 အနှိုင်းမဲ့အင်တာနက် ဆိုတာ ဘာလဲ။
မြန်မာနက် GEN-2 အနှိုင်းမဲ့ အင်တာနက်ဆိုတာ အဆင့်မြင့်နည်းပညာများဖြင့် အထူးပြုပြင်မွမ်းမံထားသော အင်တာနက်ဖြစ်ပါတယ်။

၂။ GEN-2 အနှိုင်းမဲ့အင်တာနက် အစီအစဥ်တွေအတွက် လစဥ်ကြေးဘယ်လောက်ကနေ စသလဲ။

လူတန်းစားမရွေးအသုံးပြုနိုင်ရန် Gen-2 အနှိုင်းမဲ့ အင်တာနက်အစီအစဉ်တွေကို လစဥ်ကြေး ၁၄,၀၀၀ ကျပ် မှ စတင်ပြီး ဝန်ဆောင်မှုပေးထားပါတယ်။


၃။ လစဥ်ကြေး ၁၄,၀၀၀ ကျပ် အစီအစဥ်က လိုင်းရော ကောင်းပါ့မလား။
၁၄,၀၀၀ ကျပ် အစီအစဥ်အပါအဝင် မြန်မာနက်အင်တာနက် အစီအစဥ်များအားလုံးအတွက် Bandwidth အပြည့်အဝ ရရှိပြီး လိုင်းကောင်းကောင်းနဲ့ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် CPE တပ်ဆင်ပေးပါတယ်။

၄။ CPE ဆိုတာ ဘာပါလဲ။
Postpaid CPE (Customer Premise Equipment) ဆိုတာ မြန်မာနက် လစဥ်အဝသုံးအင်တာနက် မှာယူထားသူတွေအတွက် နေအိမ်နေရာအနှံ့မှာ ချိတ်ဆက်မှုကောင်းမွန်စွာ အင်တာနက်အသုံးပြုနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။

၅။ မြန်မာနက်အင်တာနက်မှာပဲရရှိနိုင်တဲ့ အပိုဝန်ဆောင်မှုတွေက ဘာတွေလဲ။
မြန်မာနက်လစဉ်သုံးအင်တာနက်သုံးစွဲသူတွေအနေနဲ့ မြန်မာနက်ကွန်ရက်ရရှိတဲ့နေရာတိုင်းမှာ အပိုငွေထပ်မံကုန်ကျစရာမလိုဘဲ မိမိဖုန်းနဲ့ မြန်မာနက်ကိုချိတ်ဆက်သုံးနိုင်တဲ့ အိမ်ပြင်သုံးအကောင့်အခမဲ့ရရှိခြင်း၊ အိမ်တိုင်ရာရောက်လစဉ်ကြေးကောက်ခံပေးခြင်းတို့ဖြင့် အကောင်းဆုံးသောဝန်ဆောင်မှုတွေ ရရှိမှာဖြစ်ပါတယ်။


၆။အိမ်ပြင်သုံးအကောင့်ဆိုတာ ဘာလဲ။
နေအိမ်တွင်းမှာသာမက မြန်မာနက်ကွန်ရက်ရရှိတဲ့နေရာတိုင်းမှာ အပိုငွေထပ်မံကုန်ကျစရာမလိုဘဲ မိမိဖုန်းနဲ့ မြန်မာနက်ကိုချိတ်ဆက်သုံးနိုင်ဖို့  လစဉ်သုံးအစီအစဉ်သုံးစွဲသူတွေကို ထုတ်ပေးထားတဲ့  username နဲ့ password ပါတဲ့ အခမဲ့အကောင့်ဖြစ်ပါတယ်။


၇။ လစဉ်ကြေးကို ဘယ်လိုပေးဆောင်ရမှာလဲ။
မြန်မာနက်အသုံးပြုသူများအနေနဲ့ အိမ်အရောက်လစဉ်ကြေးကောက်ခံချိန်တွင် ပေးသွင်းနိုင်ခြင်း၊ နီးစပ်ရာ မြန်မာနက်စတိုးနှင့် ကိုယ်စားလှယ်ဆိုင်များမှတဆင့် ပေးသွင်းနိုင်ခြင်း၊ YOMA၊ AYA၊ CB၊ KBZဘဏ်ခွဲများနှင့် အဆိုပါဘဏ်များ၏ Mobile Banking Application များမှတဆင့် ပေးသွင်းခြင်းများအပြင် Wave Pay၊ Citizen Pay တို့မှလည်း ပေးသွင်းနိုင်ပါတယ်။

၈။ လစဉ် အဝသုံးအင်တာနက် အစီအစဉ််တွေကို ဘယ်လို ဆက်သွယ်မှာယူရမလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ဖုန်းနံပါတ်များဖြစ်သော 

Myanmar Net – 09 765 338 440 

Myanmar Net Plus -09 765 338 441

Myanmar Net Gen2 – 09 765 479 125 

Myanmar Net Biz – 09 765 479 118 

တို့ကို မနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ရုံးချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနက် Application သို့မဟုတ် မြန်မာနက် Website  www.myanmarnet.com ၏ အွန်လိုင်းဖောင်များရှိ Pre-order Form ကိုဖြည့်စွက်မှာယူခြင်းအပြင် အီးမေးလ်လိပ်စာ cs@myanmarnet.com တို့မှတဆင့်လည်း ဆက်သွယ်မှာယူနိုင်ပါသည်။