ကွန်ရက်ဝန်ဆောင်မှု

အိမ်သုံး ၊ ရုံးသုံး၊ လုပ်ငန်းသုံး ကွန်ရက်ဝန်ဆောင်မှုများအတွက်

  • LAN Network တပ်ဆင်ပေးခြင်း
  • IP CCTV တပ်ဆင်ပေးခြင်း
  • IT Infrastructure အရည်အသွေးတိုးမြှင့်ပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။

မြန်မာနက် pack များနှင့်ပတ်သက်၍ အသိပေးခြင်း

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား …

သုံးစွဲသူများအဆင်ပြေစေရန် မြန်မာနက်မှ အစဉ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါသော်လည်း မမျှော်လင့်သော အခက်အခဲများကြောင့် မြန်မာနက် အဝသုံး pack များ၊ ဒေတာ pack များ နှင့် အိမ်ပြင်သုံးကတ်များ သုံးစွဲနိုင်မှုအား ယနေ့ ၂၀၂၁ မတ်လ ၁၇ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

လစဉ်သုံး (စက်ဖြင့်သုံး CPE) အင်တာနက် အစီအစဉ်များ မပါဝင်ပါ။

လူကြီးမင်းတို့ လက်ရှိသုံးစွဲလက်စဖြစ်သော pack ၏ လက်ကျန် ရက်များ (သို့မဟုတ်) လက်ကျန်ဒေတာများကို အသုံးပြုခွင့်ပြန်လည်ရရှိချိန်တွင် ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပါသဖြင့် username နှင့် password များကို သိမ်းဆည်းထားပေးပါရန် အသိပေးအပ်ပါသည်။

မြန်မာနက်အင်တာနက်ကို ယုံကြည်စွာသုံးစွဲကြသူများအား အထူးကျေးဇူးတင်လျှက်ရှိပြီး အဆင်မပြေများအပေါ် နားလည်ပေးပါရန် မြန်မာနက်မှ အလေးအနက်ထားပန်ကြားအပ်ပါသည်။

မြန်မာနက်

CPE ဝိုင်ဖိုင်ဘက်ထရီ & Booster Cable

CPE Wi-Fi Battery

လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မြန်မာနက်အသုံးပြုသူများ အဆင်ပြေစွာ အင်တာနက်ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာနက် CPE အိမ်သုံးအထိုင်စက်များနှင့် တွဲဖက်အသုံးပြုနိုင်မည့် ဝိုင်ဖိုင်ဘက်ထရီဖြစ်သည်။

  • အသုံးခံမှုနှင့် လုံခြုံစိတ်ချရမှုအပိုင်းတွင် Power Bank ထက် အားသာချက်များစွာရှိပြီး  Output 12V အပြည့်ဖြင့်  5V to 12V ခေါင်းပြောင်းစရာမလိုဘဲ အသုံးပြုနိုင်
  • ၄ နာရီကြာအသုံးခံပြီး UPS Function ပါဝင်သဖြင့် မီးလာချိန်များတွင်လည်း အားသွင်းရင်း အသုံးပြုနိုင်
  • Power Bank ထက် သုံးစွဲရန်ပိုမိုသင့်လျော်

လက်ငင်း – ၆၆,၀၀၀ ကျပ် (မီးပျက်လျှင် ၄ နာရီခံ)
အရစ်ကျ – တစ်လလျှင် ၇,၀၀၀ ကျပ်ဖြင့် ၁၀ လ အရစ်ကျ (ပထမအရစ်ကို ဘက်ထရီစယူသောနေ့တွင် ပေးချေရပါမည်။

Booster Cable

မြန်မာနက် CPE အိမ်သုံးအထိုင်စက်များ အတွက်အခြား power Bank များဖြင့် တွဲစပ် အသုံးပြုနိုင်မည့် Booster Cable ဖြစ်သည်။

  • 5V မှ 14VDC (15W) ပြောင်းပေးနိုင်

လက်ငင်း – ၂၀,၀၀၀ ကျပ်

အရစ်ကျ – တစ်လလျှင် ၄,၀၀၀ ကျပ်ဖြင့် ၆လအရစ်ကျ

Nyi Nyi Aung Htet Naing

ဖေဖော်ဝါရီလ ၂၈ ရက် 

မြန်မာနက် မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း အသိပေးကြေညာလွှာ တနင်္ဂ‌နွေနေ့ – မြန်မာနက်, Frontiir ကုမ္ပဏီ

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့တွင် ဆုံးပါးသွားသည့် ကိုညီညီအောင်ထက်နိုင်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာနက်မှ အသိပေးအပ်ပါသည်။

၂၀၁၈ ခုနှစ်ကတည်းက FRONTIIR ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော ကိုညီညီအောင်ထက်နိုင်သည် မြန်မာနက် Fiber Operation Team တွင် Network Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Network ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ရန် ရည်မှန်းထားသူ ကိုညီညီအောင်ထက်နိုင်သည် အလုပ်ကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှ အားကိုးချစ်ခင်ကြသူလည်း ဖြစ်ပါသည်။

အလုပ်နားရက်ဖြစ်သည့်အတွက် ကိုညီညီအောင်ထက်နိုင်သည် ယနေ့ ပြုလုပ်သော လူထုဆန္ဒပြပွဲ (လှည်းတန်း) တွင် မိသားစုနှင့်အတူ ငြိမ်းချမ်းစွာပါဝင်ခဲ့ပြီး သေနတ်ပစ်ခံရမှုကြောင့် ဆုံးပါးသွားခြင်းဖြစ်ပါသည်။

ကိုညီညီအောင်ထက်နိုင် ဆုံးပါးသွားမှုအတွက် အထူးပင် ဝမ်းနည်းကြေကွဲရပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မတ်လ ၁ ရက် တနင်္လာနေ့တွင် မြန်မာနက်စတိုးများ ပိတ်ထားမည်ဖြစ်ပြီး၊ Frontiir ကုမ္ပဏီရုံးချုပ်နှင့် မြန်မာနက်စတိုးများ ၏ မီးဆိုင်းဘုတ်များအားလုံးကို လည်း ပိတ်ထားမည်ဖြစ်ပါသည်

မြန်မာနက် PLUS

မြန်မာနက် အသုံးပြုသူများအနေဖြင့်အကောင်းဆုံးဘောလုံးပြိုင်ပွဲတွေ ဖြစ်တဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကွန်ဖရန့်လိဂ်၊ ယူရိုပါလိဂ် အပါအဝင်  CANAL+ ရုပ်သံလိုင်းပေါင်း ၄၉လိုင်း မှ ရုပ်သံဇာတ်လမ်းတွဲအသစ်များ တီဗီရုပ်သံအစီအစဉ်သစ်များစွာကို  တစ်ဝကြီးခံစား ကြည့်ရှုနိုင်ပါပြီ။

ကောင်းထက်ကောင်းဝန်ဆောင်မှု

ကောင်းထက်ကောင်းဝန်ဆောင်မှုများ ပါဝင်သည့် မြန်မာနက် PLUS အစီအစဥ်များကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ တောင်ကြီးနှင့် မကွေးမြို့များတွင် မှာယူအသုံးပြုနိုင်ပါသည်။

 TVie မှ အစီအစဥ်များကို အဝကြည့်နိုင်ခြင်း (၃၀,၅၀၀ ကျပ်နှင့်အထက် အစီအစဥ်များ)
အိမ်အရောက် လျင်မြန်စွာဝန်ဆောင်မှုပေးခြင်း
၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း

“လိုင်းအငြိမ်သုံး” မြန်မာနက် GEN-2 (ဖြေရှင်းချိန် ၃၆ နာရီ၊ 5G/2G Wi-Fi)

မြန်နှုန်းတန်ဖိုး(ကျပ်)ပရိုမိုးရှင်း
10 Mbps ၂၆,၅၀၀ ကျပ်CANAL+(ဖုန်းဖြင့်ကြည့်)
13 Mbps ၂၅,၅၀၀ ကျပ်
20 Mbps ၂၉,၅၀၀ ကျပ်စက်တင်ဘာလကုန်ထိမြန်နှုန်းမြင့်
ပုံမှန်မြန်နှုန်း – 16Mbps
22 Mbps ၃၃,၅၀၀ ကျပ်(၃)လ ကြိုဝယ် (၁)လ အပိုယူ
27 Mbps ၃၆,၀၀၀ ကျပ်
32 Mbps ၄၁,၀၀၀ ကျပ်
24 Mbps ၄၄,၅၀၀ ကျပ် CANAL+(TV နှင့် ဖုန်းဖြင့်ကြည့်)
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်
  • ၆လ (သို့) ၁နှစ် ဝယ်ယူလျှင် တပ်ဆင်ကြေးအခမဲ့
  • တပ်ဆင်ကြေး – ၃၀,၀၀၀ ကျပ် (တစ်လလျှင် ၄,၀၀၀ ကျပ်ဖြင့် ၈လ အရစ်ကျ)
  • တစ်ကြိမ်တည်းပေးချေပါက – ၃၀,၀၀၀ ကျပ်
  • အိမ်ပြင်သုံး အင်တာနက်ကတ်အခမဲ့ပါ၀င်

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

TVie တပ်ဆင်ကြေး

  • အခမဲ့ (ပရိုမိုးရှင်းကာလအတွင်း)

TVie လစဉ်ကြေး

  • ၃၃,၅၀၀ ကျပ်နှင့်အထက် မြန်မာနက်အစီအစဉ်များ –  အခမဲ့
  • ၂၉,၅၀၀ ကျပ်နှင့်အောက် မြန်မာနက်အစီအစဉ်များ –  ၂,၀၀၀ ကျပ် (မြန်နှုန်းအပိုလက်ဆောင် 1 Mbps)

လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက်

– ၈ ရက် မတ်လ ၂၀၂၁

မင်္ဂလာပါ …

၂၀၂၁ ခုနှစ် မတ်လ အတွက် လစဥ်သုံးအင်တာနက်အစီအစဥ်များအားလုံး၏ လစဥ်ကြေးများကို ၅ ရာခိုင်နှုန်း လျော့ချပေးသွားမည်ဖြစ်ပါကြောင်း မြန်မာနက်အသုံးပြုသူ လူကြီးမင်းများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အထက်ပါအစီအစဥ်အပြင် လစဥ်ကြေး ၂ လ စာ ပေါင်းသွင်းမည်ဆိုပါက (ဥပမာ – ဖေဖော်ဝါရီ+ မတ် (သို့မဟုတ်) မတ်+ဧပြီ) လူကြီးမင်းများ အဆင်ပြေစေရန် အိမ်အရောက်လစဥ်ကြေး ကောက်ခံပေးသည့် ဝန်ဆောင်ခကိုလည်း (နှစ်လစာနှုန်း ၄၀၀ ကျပ်)  လျော့ချပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကွန်ရက်ဝန်ဆောင်မှုဆိုင်ရာ မေတ္တာရပ်ခံချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ လမ်းပမ်းဆက်သွယ်ရေးများ အခက်အခဲရှိခြင်း နှင့်  ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးရခြင်းများကြောင့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်ရမည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင်မပြေမှုတချို့ ဖြစ်ပေါ်လျှက်ရှိနေပါသည်။ 

အသုံးပြုသူများအတွက် ထာဝစဥ်ဦးစားပေးဆောင်ရွက်လျက်ရှိသော မြန်မာနက်အနေဖြင့် အင်တာနက်ကွန်ရက် လုံးဝပြတ်တောက်သွားခြင်းမျိုးမရှိဘဲ နေ့စဥ်ချိတ်ဆက်သုံးနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါကြောင်းနှင့် လူကြီးမင်းတို့အနေဖြင့် အင်တာနက်အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။