MoMo Ventures Finance Company Limited


မြန်မာနက်လစဥ်သုံးအစီအစဥ်သုံးစွဲသူများအတွက် သီးသန့်ချေးငွေ

ချေးငွေ၊ ပြန်ဆပ်ရမည့်သက်တမ်းနှင့် လစဥ်ပြန်သွင်းရမည့်ပမာဏ

လစဥ်ပြန်သွင်းငွေကို မြန်မာနက်လစဥ်ကြေးပေးဆောင်ရမည့်နေ့ရက်တွင် ပေးဆောင်ရပါမည်။

ဝန်ဆောင်ခ

အိမ်တိုင်ရာရောက်ကောက်ခံပေးခြင်း – ၅၀၀ ကျပ်

မြန်မာနက်စတိုးများတွင် ပေးသွင်းခြင်း – ၃၀၀ ကျပ်

ချေးငွေလျှောက်ထားရန်နှင့် ထုတ်ယူရန်

ဤချေးငွေကို MoMo Ventures Finance Company Limited (ချေးငွေလိုင်စင်အမှတ် NBFI/FC-၁၁/၁၁/၂၀၁၇) မှ ပံ့ပိုးပေးပါသည်။

၀၉ ၇၇၀၃၃ ၈၈၈၀

၁။ ချေးငွေလျှောက်ထားသူသည် မြန်မာနက်အင်တာနက်သုံးစွဲသူဖြစ်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများအနေဖြင့် ချေးငွေ ၃ သိန်းကျပ် (သို့) ၆ သိန်းကျပ် (သို့) ၉ သိန်းကျပ် ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။ 

၂။ လျှောက်ထားသူအနေဖြင့် လက်ခံရမည့်ငွေပမာဏ၊ ချေးငွေပြန်ဆပ်ရမည့်ကာလ၊ လစဉ်အတိုးနှုန်းနှင့် လစဉ်ပြန်ဆပ်ရမည့်အသေးစိတ်အချက်အလက်တို့ကို မြန်မာနက်အပလီကေးရှင်းတွင်စစ်ဆေးနိုင်သည်။ ချေးငွေမလျှောက်ထားမီ “စည်းကမ်းချက်များ”အား မြန်မာနက်အပလီကေးရှင်းတွင် သေချာစွာဖတ်ရန်လိုအပ်ပါသည်။

၃။ မြန်မာနက်အပလီကေးရှင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း တို့ကိုပူးတွဲပြီးလျှောက်ထားရမည်။  လိုအပ်ပါက မြန်မာနက်မှ လိုအပ်သောစာရွက်စာတမ်းများကို ထပ်မံတောင်းခံပါမည်။

၄။ ချေးငွေအတည်ပြုပြီးနောက် လျှောက်ထားသူအနေဖြင့် အတည်ပြုကြောင်း အကြောင်းကြားစာကို လက်ခံရရှိပါမည်။

၁။ မြန်မာနက်မှ ချေးငွေထုတ်ယူရမည့်နေ့ရက်နှင့် နေရာကို လျှောက်ထားသူအား ဆက်သွယ်ပြောကြားပေးမည်။

၂။ လျှောက်ထားသူသည် မြန်မာနက်မှအတည်ပြုထားသည့် ချေးငွေသက်တမ်းကုန်ဆုံးရက်မတိုင်မီ ချေးငွေကိုထုတ်ယူရမည်။ ထိုရက်ကို မြန်မာနက်အပလီကေးရှင်းတွင် စစ်ဆေးနိုင်ပါသည်။

၃။ ချေးငွေထုတ်ယူသည့်အခါ လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း တို့ကို ယူဆောင်လာရန်လိုအပ်ပါသည်။

ဤချေးငွေကို MoMo Ventures Finance Company Limited (ချေးငွေလိုင်စင်အမှတ် NBFI/FC-၁၁/၁၁/၂၀၁၇) မှ ပံ့ပိုးပေးပါသည်။