အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၂၂-ဇူလိုင်လ-၂၀၂၄)

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ …

မြန်မာနက်သုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ လစဉ်ကြေးမှ စတင်၍ ဈေးနှုန်းများကို အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။

မြန်မာနက် Plus အင်တာနက် အစီအစဉ်

ယခုဈေးနှုန်းနှင့်မြန်နှုန်းယခင်ဈေးနှုန်းနှင့်မြန်နှုန်း
၂၃,၀၀၀ ကျပ် – မြန်နှုန်း 15 Mbps ၂၃,၀၀၀ ကျပ် – မြန်နှုန်း 14.5 Mbps
၂၇,၀၀၀ ကျပ် – မြန်နှုန်း 21.5 Mbps ၂၅,၀၀၀ ကျပ် – မြန်နှုန်း 21 Mbps
၃၀,၀၀၀ ကျပ် – မြန်နှုန်း 26 Mbps၂၈,၀၀၀ ကျပ် – မြန်နှုန်း 25 Mbps
၃၅,၀၀၀ ကျပ် – မြန်နှုန်း  30 Mbps၃၃,၀၀၀ ကျပ် – မြန်နှုန်း 30 Mbps

မြန်မာနက် လုပ်ငန်းသုံး အင်တာနက် အစီအစဉ် (ဖိုင်ဘာသီးသန့်)

ယခုဈေးနှုန်းနှင့်မြန်နှုန်းယခင်ဈေးနှုန်းနှင့်မြန်နှုန်း
၄၂,၀၀၀ ကျပ် – မြန်နှုန်း 40Mbps၄၀,၀၀၀ ကျပ် – မြန်နှုန်း 40 Mbps
၆၆,၀၀၀ ကျပ် – မြန်နှုန်း 59 Mbps၆၄,၀၀၀ ကျပ် – မြန်နှုန်း 59 Mbps
၇၄,၀၀၀ ကျပ် – မြန်နှုန်း 67 Mbps၇၂,၀၀၀ ကျပ် – မြန်နှုန်း 67 Mbps
၉၄,၀၀၀ ကျပ် – မြန်နှုန်း 85 Mbps၉၂,၀၀၀ ကျပ် – မြန်နှုန်း 85 Mbps

မြန်မာနက် လုပ်ငန်းသုံး အင်တာနက် အစီအစဉ် (ကြိုးမဲ့)

ယခုဈေးနှုန်းနှင့်မြန်နှုန်းယခင်ဈေးနှုန်းနှင့်မြန်နှုန်း
၄၂,၀၀၀ ကျပ် – မြန်နှုန်း 8 Mbps၄၀,၀၀၀ ကျပ် – မြန်နှုန်း 8 Mbps
၆၆,၀၀၀ ကျပ် – မြန်နှုန်း 14 Mbps၆၄,၀၀၀ ကျပ် – မြန်နှုန်း  14 Mbps
၇၄,၀၀၀ ကျပ် – မြန်နှုန်း 16.5 Mbps ၇၂,၀၀၀ ကျပ် – မြန်နှုန်း 16.5 Mbps
၉၄,၀၀၀ ကျပ် – မြန်နှုန်း 21.5 Mbps၉၂,၀၀၀ ကျပ် – မြန်နှုန်း 21.5 Mbps

** ပြောင်းလဲခြင်းမရှိသောဈေးနှုန်းများကို အထက်တွင်ဖော်ပြထားခြင်းမရှိပါ။