သတင်းများ
အင်တာနက်ဈေးနှုန်းနှင့် တပ်ဆင်ခပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၁၉-စက်တင်ဘာလ-၂၀၂၅)
မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ … ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့မှစတင်၍ မြန်မာနက်သုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး၊ ဈေးနှုန်းများကိုလည်း အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့မှစ၍ မြန်မာနက်စက်တပ်ဆင်မည့်သူများအနေဖြင့် အောက်တိုဘာလ လစဉ်ကြေးမှ စတင်၍ပေးဆောင်ရမည်ဖြစ်ပြီး၊ လက်ရှိမြန်မာနက်သုံးစွဲသူများအနေဖြင့်လည်း အောက်တိုဘာလ လစဉ်ကြေးမှစတင်၍ ပြောင်းလဲသွားသောလစဉ်ကြေးအတိုင်း ပေးဆောင်ရပါမည်။ အင်တာနက်တပ်ဆင်ခကိုလည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁ရက်နေ့မှစတင်ပြီး တပ်ဆင်ကြေး ၂၁,၀၀၀ ကျပ်သို့ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး၊ တစ်လလျှင် ၃,၅၀၀ ကျပ်နှုန်းဖြင့် ၆လ အရစ်ကျပေးသွင်းနိုင်ပါသည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ မြန်မာနက် အင်တာနက် […]
အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား ပြောင်းလဲသတ်မှတ်ခြင်းနှင့် ငွေကောက်ခံခြင်းဆိုင်ရာကိစ္စရပ်အား အသိပေးကြေညာခြင်း။ (၄-စက်တင်ဘာ-၂၀၂၅)
မင်္ဂလာပါ မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ… အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား အောက်တိုဘာလ (၁)ရက်နေ့မှစတင်ပြီး ၅၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။ မြန်မာနက်လစဥ်ကြေးငွေပေးချေရန် အိမ်အရောက်ငွေကောက်ခံပေးသည့်ဝန်ဆောင်မှုကို ရယူထားသော လူကြီးမင်းများအနေဖြင့် လစဥ်ကြေးပေးဆောင်သည့်အခါတိုင်းတွင် ငွေလာရောက်ကောက်ခံသည့် မြန်မာနက်ဝန်ထမ်း Bill Collector ထံမှ “Myanmar Net” အမည်ဖြင့်ပေးပို့သော ငွေလက်ခံရရှိကြောင်း ငွေရပြေစာ စာတို (sms receipt) ကို လက်ခံရရှိပြီးမှသာ ငွေပေးချေပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ငွေရပြေစာ စာတိုလက်ခံမရရှိပါက မြန်မာနက်အက်ပလီကေးရှင်းတွင် လစဥ်ဘေလ်အားစစ်ဆေးပြီး ပေးချေနိုင်ပါသည်။ ငွေကောက်ခံသူ (Bill Collector) များသည် မြန်မာနက်ယူနီဖောင်းအင်္ကျီကိုဝတ်ဆင်ထားပြီး ဝန်ထမ်းကတ်ကို ချိတ်ဆွဲထားမည်ဖြစ်ပါသည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။
အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၀၁-မတ်-၂၀၂၅)
မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ … ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်၍ မြန်မာနက်သုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး ဈေးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ မြန်မာနက်စက်တပ်ဆင်မည့်သူများအနေဖြင့် မတ်လ လစဉ်ကြေးမှ စတင်ပြီးပေးဆောင်ရမည်ဖြစ်ပြီး၊ လက်ရှိမြန်မာနက်သုံးစွဲသူများအနေဖြင့် မေလ လစဉ်ကြေးမှစတင်၍ ပြောင်းလဲသွားသောလစဉ်ကြေးအတိုင်း ပေးဆောင်ရပါမည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ မြန်မာနက် အင်တာနက် အစီအစဉ် ယခုဈေးနှုန်းနှင့်မြန်နှုန်း ယခင်ဈေးနှုန်းနှင့်မြန်နှုန်း ၁၄,၀၀၀ ကျပ် – မြန်နှုန်း 3.1 Mbps ၁၂,၅၀၀ ကျပ် – မြန်နှုန်း […]
အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၀၄-နိုဝင်ဘာလ-၂၀၂၄)
မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ … ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ မြန်မာနက်သုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး ဈေးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ မြန်မာနက်စက်တပ်ဆင်မည့်သူများအနေဖြင့် နိုဝင်ဘာလ လစဉ်ကြေးမှ စတင်ပြီးပေးဆောင်ရမည်ဖြစ်ပြီး၊ လက်ရှိမြန်မာနက်သုံးစွဲသူများအနေဖြင့် ဒီဇင်ဘာလ လစဉ်ကြေးမှစတင်၍ ပြောင်းလဲသွားသောလစဉ်ကြေးအတိုင်း ပေးဆောင်ရပါမည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ မြန်မာနက် အင်တာနက် အစီအစဉ် ယခုဈေးနှုန်းနှင့်မြန်နှုန်း ယခင်ဈေးနှုန်းနှင့်မြန်နှုန်း ၁၂,၅၀၀ ကျပ် – မြန်နှုန်း 3 Mbps ၁၁,၀၀၀ ကျပ် – မြန်နှုန်း […]
အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၂၂-ဇူလိုင်လ-၂၀၂၄)
မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ … မြန်မာနက်သုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ လစဉ်ကြေးမှ စတင်၍ ဈေးနှုန်းများကို အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ မြန်မာနက် Plus အင်တာနက် အစီအစဉ် ယခုဈေးနှုန်းနှင့်မြန်နှုန်း ယခင်ဈေးနှုန်းနှင့်မြန်နှုန်း ၂၃,၀၀၀ ကျပ် – မြန်နှုန်း 15 Mbps ၂၃,၀၀၀ ကျပ် – မြန်နှုန်း 14.5 Mbps ၂၇,၀၀၀ ကျပ် – မြန်နှုန်း 21.5 Mbps ၂၅,၀၀၀ ကျပ် – မြန်နှုန်း 21 Mbps […]
အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၂၄-ဇွန်လ-၂၀၂၄)
မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ … မြန်မာနက်သုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ လစဉ်ကြေးမှ စတင်၍ ဈေးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ . မြန်မာနက် အင်တာနက် အစီအစဉ် ယခုဈေးနှုန်းနှင့်မြန်နှုန်း ယခင်ဈေးနှုန်းနှင့်မြန်နှုန်း ၁၃,၀၀၀ ကျပ် – မြန်နှုန်း 4.2 Mbps ၁၂,၀၀၀ ကျပ် – မြန်နှုန်း 4 Mbps ၁၅,၀၀၀ ကျပ် – မြန်နှုန်း 6.2 Mbps ၁၄,၀၀၀ ကျပ် – မြန်နှုန်း 6 […]
အင်တာနက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန် တိုးမြှင့်လုပ်ဆောင်မှုကြေညာချက်
ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ … သုံးစွဲသူများအဆင်ပြေစေရန် အစဥ်အမြဲ ဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် မီးပျက်ချိန်တွင် အင်တာနက် အဆင်ပြေစွာ အသုံးပြုနိုင်ရန် အင်တာနက်ချိတ်ဆက်ပေးသည့် တိုင်များမှ ဘက်ထရီများကို မြို့နယ်အလိုက် အသစ်များ ပြောင်းလဲ တပ်ဆင်ပေးခြင်း ကြိုးမဲ့အင်တာနက် (Wireless)မှ ဖိုင်ဘာအင်တာနက်သို့ ပြောင်းလဲတတ်ဆင်လိုသူများအား အမြန်ဆုံး ပြောင်းလဲ တပ်ဆင်ပေးခြင်းနှင့် ဖိုင်ဘာအင်တာနက် သုံးစွဲသူများအတွက်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်တွင် အင်တာနက်ပြတ်တောက်မှု အနည်းဆုံး ဖြစ်စေရန် ကျွန်ုပ်တို့၏ အင်ဖရာကို မီးစက်များဖြင့် အားသွင်းပေးခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။အဆိုပါ ပြဿနာများကို မကြာမီကာလအတွင်း ဖြေရှင်းနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ထမ်းအရင်းအမြစ်များကို ပိုမိုတိုးမြှင့်ထားပြီး ဖြစ်ပါသည်။ သို့ပါသောကြောင့် သုံးစွဲသူများဘက်မှ စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းသုံးစွဲပေးမှုများအတွက် မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ လေးစားစွာဖြင့်မြန်မာနက်အင်တာနက်
မြန်မာနက် အဝသုံးဖုန်းအင်တာနက် မြန်နှုန်းတိုးမြှင့်ခြင်းဆိုင်ရာ ကြေညာချက် (မတ်လ ၂ ရက် ၂၀၂၂)
၂၀၂၂ မတ်လ ၂ ရက်နေ့မှစတင်ပြီး မြန်မာနက်အဝသုံး ဖုန်းအင်တာနက် pack များ၏ အင်တာနက်မြန်နှုန်းများကို ၂၅% အထိ တိုးမြှင့်ပေးထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ “မြန်မာနက် အဝသုံး Pack အင်တာနက် မြန်နှုန်းများ” ၂၀၀ ကျပ် – 1.7 Mbps ( ယခင်မြန်နှုန်း 1.5 Mbps)၅၀၀ ကျပ် – 1.7 Mbps ( ယခင်မြန်နှုန်း 1.5 Mbps)၁,၀၀၀ ကျပ် – 2 Mbps ( ယခင်မြန်နှုန်း 1.6 Mbps)၂,၀၀၀ ကျပ် – 2 Mbps ( ယခင်မြန်နှုန်း 1.6 Mbps)၅,၀၀၀ ကျပ် – 2.5 Mbps […]
မြန်မာနက် လစဥ်သုံးအစီအစဥ် မြန်နှုန်းတိုးမြှင့်ခြင်းဆိုင်ရာ ကြေညာချက် (မတ်လ ၂ ရက် ၂၀၂၂)
သုံးစွဲသူများအဆင်ပြေစေရန် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် ၂၀၂၂ မတ်လ ၂ ရက်နေ့မှစတင်ပြီး အောက်ပါ အင်တာနက် မြန်နှုန်းများကိုလည်း ပြောင်းလဲတိုးမြှင့်ပေးထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မြန်မာနက် လစဉ်သုံး အင်တာနက် အစီအစဥ်များ ၉,၅၀၀ ကျပ် – 3.5 Mbps ( ယခင်မြန်နှုန်း 3 Mbps) ၁၁,၀၀၀ ကျပ် – 5 Mbps ( ယခင်မြန်နှုန်း 4.5 Mbps) ၁၃,၀၀၀ ကျပ် – 6.5 Mbps ( ယခင်မြန်နှုန်း 6 Mbps) ၁၈,၀၀၀ ကျပ် – 11 Mbps ( ယခင်မြန်နှုန်း 10Mbps) ၂၂,၀၀၀ ကျပ် – 15 […]
မြန်မာနက်ပလပ်စ် လစဥ်သုံးအစီအစဥ် မြန်နှုန်းတိုးမြှင့်ခြင်းဆိုင်ရာ ကြေညာချက် (မတ်လ ၁ ရက် ၂၀၂၂)
သုံးစွဲသူများအဆင်ပြေစေရန် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် ၂၀၂၂ မတ်လ ၁ ရက်နေ့မှစတင်ပြီး အောက်ပါ အင်တာနက် မြန်နှုန်းများကို ပြောင်းလဲတိုးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မြန်မာနက် Plus အင်တာနက် အစီအစဥ်များ ၂၅,၀၀၀ ကျပ် – 21 Mbps ( ယခင်မြန်နှုန်း 17 Mbps) ၃၀,၀၀၀ ကျပ် – 25 Mbps ( ယခင်မြန်နှုန်း 20 Mbps) ၃၅,၀၀၀ ကျပ် – 30 Mbps ( ယခင်မြန်နှုန်း 25 Mbps) ၄၈,၀၀၀ ကျပ် – 40 Mbps ( ယခင်မြန်နှုန်း 35 Mbps) ၇၀,၀၀၀ ကျပ် – […]