သတင်းများ

လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက်

– ၈ ရက် မတ်လ ၂၀၂၁ မင်္ဂလာပါ … ၂၀၂၁ ခုနှစ် မတ်လ အတွက် လစဥ်သုံးအင်တာနက်အစီအစဥ်များအားလုံး၏ လစဥ်ကြေးများကို ၅ ရာခိုင်နှုန်း လျော့ချပေးသွားမည်ဖြစ်ပါကြောင်း မြန်မာနက်အသုံးပြုသူ လူကြီးမင်းများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အထက်ပါအစီအစဥ်အပြင် လစဥ်ကြေး ၂ လ စာ ပေါင်းသွင်းမည်ဆိုပါက (ဥပမာ – ဖေဖော်ဝါရီ+ မတ် (သို့မဟုတ်) မတ်+ဧပြီ) လူကြီးမင်းများ အဆင်ပြေစေရန် အိမ်အရောက်လစဥ်ကြေး ကောက်ခံပေးသည့် ဝန်ဆောင်ခကိုလည်း (နှစ်လစာနှုန်း ၄၀၀ ကျပ်)  လျော့ချပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


ကွန်ရက်ဝန်ဆောင်မှုဆိုင်ရာ မေတ္တာရပ်ခံချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ … လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ လမ်းပမ်းဆက်သွယ်ရေးများ အခက်အခဲရှိခြင်း နှင့်  ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးရခြင်းများကြောင့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်ရမည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင်မပြေမှုတချို့ ဖြစ်ပေါ်လျှက်ရှိနေပါသည်။  အသုံးပြုသူများအတွက် ထာဝစဥ်ဦးစားပေးဆောင်ရွက်လျက်ရှိသော မြန်မာနက်အနေဖြင့် အင်တာနက်ကွန်ရက် လုံးဝပြတ်တောက်သွားခြင်းမျိုးမရှိဘဲ နေ့စဥ်ချိတ်ဆက်သုံးနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါကြောင်းနှင့် လူကြီးမင်းတို့အနေဖြင့် အင်တာနက်အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။