သတင်းများ

လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက် (ဧပြီလ ၈ ရက် ၂၀၂၁)

မင်္ဂလာပါ… မြန်မာနက်မှ  လတ်တလောကာလအတွင်း အိမ်အရောက် ငွေကောက်ခံသည့် ၀န်ဆောင်မှုကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနက်စတိုးများအားလုံးကိုလည်း နေ့စဉ်နီးပါးဖွင့်နိုင်အောင် ကြိုးစားပေးခဲ့ပါသည်။ သို့သော်လည်း ၂ လကျော်သည့်တိုင်အောင် လစဉ်ကြေးလာရောက် ပေးသွင်းခြင်းမရှိသည့် Customer အချို့ကြောင့် လိုင်းများဖြတ်တောက်လိုက်ရခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။ လစဥ်ကြေးပေးဆောင်ပြီး အမြန်ဆုံးလိုင်းပြန်လည်ရရှိရန် Hotlineနံပါတ် 09 765 444 150 ကိုဆက်သွယ်နိုင်ပါသည်။ လစဥ်ကြေးများကို နီးစပ်ရာမြန်မာနက်စတိုးများ၊ မြန်မာနက် အ‌‌ရောင်းကိုယ်စားလှယ်ဆိုင်များနှင့်  KBZ, AYA,CB Mobile Banking နှင့် CB Pay များမှ တဆင့်ပေးချေနိုင်ပါသည်။ လတ်တလောအချိန်တွင် အင်တာနက်ဆိုင်ရာ အခက်အခဲများနှင့် လိုင်းအသစ်တပ်ဆင်မှုတို့ကြောင့် ဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက်ရှိနေပါသဖြင့်  ဖုန်းခေါ်ဆိုရာတွင် ကြန့်ကြာခြင်းများ ဖြစ်ပေါ်နေသည့်အပေါ်  နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။ အသုံးပြုသူများအတွက် […]


မြန်မာနက် pack များနှင့်ပတ်သက်၍ အသိပေးခြင်း

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား … သုံးစွဲသူများအဆင်ပြေစေရန် မြန်မာနက်မှ အစဉ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါသော်လည်း မမျှော်လင့်သော အခက်အခဲများကြောင့် မြန်မာနက် အဝသုံး pack များ၊ ဒေတာ pack များ နှင့် အိမ်ပြင်သုံးကတ်များ သုံးစွဲနိုင်မှုအား ယနေ့ ၂၀၂၁ မတ်လ ၁၇ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။ လစဉ်သုံး (စက်ဖြင့်သုံး CPE) အင်တာနက် အစီအစဉ်များ မပါဝင်ပါ။ လူကြီးမင်းတို့ လက်ရှိသုံးစွဲလက်စဖြစ်သော pack ၏ လက်ကျန် ရက်များ (သို့မဟုတ်) လက်ကျန်ဒေတာများကို အသုံးပြုခွင့်ပြန်လည်ရရှိချိန်တွင် ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပါသဖြင့် username နှင့် password များကို သိမ်းဆည်းထားပေးပါရန် အသိပေးအပ်ပါသည်။ မြန်မာနက်အင်တာနက်ကို ယုံကြည်စွာသုံးစွဲကြသူများအား အထူးကျေးဇူးတင်လျှက်ရှိပြီး အဆင်မပြေများအပေါ် နားလည်ပေးပါရန် မြန်မာနက်မှ အလေးအနက်ထားပန်ကြားအပ်ပါသည်။ […]


လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက်

– ၈ ရက် မတ်လ ၂၀၂၁ မင်္ဂလာပါ … ၂၀၂၁ ခုနှစ် မတ်လ အတွက် လစဥ်သုံးအင်တာနက်အစီအစဥ်များအားလုံး၏ လစဥ်ကြေးများကို ၅ ရာခိုင်နှုန်း လျော့ချပေးသွားမည်ဖြစ်ပါကြောင်း မြန်မာနက်အသုံးပြုသူ လူကြီးမင်းများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အထက်ပါအစီအစဥ်အပြင် လစဥ်ကြေး ၂ လ စာ ပေါင်းသွင်းမည်ဆိုပါက (ဥပမာ – ဖေဖော်ဝါရီ+ မတ် (သို့မဟုတ်) မတ်+ဧပြီ) လူကြီးမင်းများ အဆင်ပြေစေရန် အိမ်အရောက်လစဥ်ကြေး ကောက်ခံပေးသည့် ဝန်ဆောင်ခကိုလည်း (နှစ်လစာနှုန်း ၄၀၀ ကျပ်)  လျော့ချပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


ကွန်ရက်ဝန်ဆောင်မှုဆိုင်ရာ မေတ္တာရပ်ခံချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ … လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ လမ်းပမ်းဆက်သွယ်ရေးများ အခက်အခဲရှိခြင်း နှင့်  ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးရခြင်းများကြောင့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်ရမည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင်မပြေမှုတချို့ ဖြစ်ပေါ်လျှက်ရှိနေပါသည်။  အသုံးပြုသူများအတွက် ထာဝစဥ်ဦးစားပေးဆောင်ရွက်လျက်ရှိသော မြန်မာနက်အနေဖြင့် အင်တာနက်ကွန်ရက် လုံးဝပြတ်တောက်သွားခြင်းမျိုးမရှိဘဲ နေ့စဥ်ချိတ်ဆက်သုံးနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါကြောင်းနှင့် လူကြီးမင်းတို့အနေဖြင့် အင်တာနက်အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။