သတင်းများ

အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (ဇန်နဝါရီလ ၇ ရက် ၂၀၂၂)

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ခွန်များကို တိုးမြှင့်ကောက်ခံရန်လိုအပ်ပါသဖြင့် မြန်မာနက်အင်တာနက်၏ အမြတ်အစွန်းကိုမတိုးမြှင့်ဘဲ အောက်ပါအင်တာနက်ဈေးနှုန်းအချို့ကို ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်။ “အဝသုံးဖုန်းအင်တာနက်”ဈေးနှုန်းများမှာမူ ပြောင်းလဲခြင်းမရှိပါ။ အောက်ပါဈေးနှုန်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ပြောင်းလဲမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိရန် – https://www.myanmarnet.com/product/my/category/postpaid1/ https://www.myanmarnet.com/product/my/category/mnet-biz1/ လက်ရှိဈေးနှုန်း ပြောင်းလဲမည့်ဈေးနှုန်း ၈,၅၀၀ ကျပ် ၉,၅၀၀ ကျပ် ၁၀,၀၀၀ ကျပ် ၁၁,၀၀၀ ကျပ် ၁၂,၀၀၀ ကျပ် ၁၃,၀၀၀ ကျပ် ၁၄,၀၀၀ ကျပ် ၁၅,၀၀၀ ကျပ် ၁၆,၀၀၀ ကျပ် ၁၈,၀၀၀ ကျပ် ၂၀,၀၀၀ ကျပ် ၂၂,၀၀၀ ကျပ် ၂၄,၀၀၀ ကျပ် ၂၅,၀၀၀ ကျပ် ၂၈,၀၀၀ ကျပ် ၃၀,၀၀၀ […]


မြန်မာနက်အင်တာနက်အတွက် ငွေပေးချေခြင်းဆိုင်ရာကြေညာချက်

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ .. မြန်မာနက်၏ ငွေပေးချေစနစ်များ (လစဥ်ကြေးများ၊ တပ်ဆင်ကြေး၊ စပေါ်ငွေနှင့် အခြားငွေပေးချေခြင်းများ) ကို လေးစားစွာ အသိပေးလိုပါသည်။ ၁။ မြန်မာနက်ဝန်ထမ်းများမှ အိမ်တိုင်ရာရောက် ငွေကောက်ခံပေးခြင်း ၂။ မြန်မာနက်စတိုးများတွင် ငွေပေးသွင်းနိုင်ခြင်း ၃။ မြန်မာနက်၏ တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ငွေပေးသွင်းနိုင်ခြင်း ၄။ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် CB ဘဏ် တို့၏ mobile banking စနစ်ဖြင့်လည်းကောင်း၊ CB Pay နှင့် Citizens Pay တို့ဖြင့်လည်းကောင်း ငွေပေးသွင်းနိုင်ပါသည်။ အထက်ဖော်ပြပါစနစ်များမှလွဲ၍ အခြားနည်းလမ်းများဖြင့် ငွေကောက်ခံခြင်းသလို ဖုန်းနံပါတ်များသို့ တိုက်ရိုက်ငွေပေးဆောင်ခိုင်းခြင်းလည်း မရှိပါ။ ယခုအခါ မြန်မာနက်နှင့်ဆင်တူရိုးမှား ဖေ့စ်ဘုတ်ပေ့ချ်များဖွင့်ကာ လိမ်လည်ငွေတောင်းခံမှုများ ပြုလုပ်လျှက်ရှိသည်ကို ကြားသိရပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် […]


မြန်မာနက်အင်တာနက် တပ်ဆင်ကြေးများကို ၁၈,၀၀၀ ကျပ်သို့လျှော့ချကာ အရစ်ကျကောက်ခံပေးမည့် အစီအစဥ်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ … သုံးစွဲသူများအတွက် အစဥ်အမြဲဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် သုံးစွဲသူများအဆင်ပြေစေရန် ၂၀၂၁ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ပြီး မြန်မာနက် နှင့် မြန်မာနက် Plus အင်တာနက် တပ်ဆင်ကြေးများကို ၁၉,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်သို့ လျှော့ချကာ ပထမဆုံးတပ်ဆင်သည့်လမှ စ၍ တစ်လလျှင် ၃,၀၀၀ ကျပ်ဖြင့် ၆ လ အရစ်ကျ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ နေရာပြောင်းရွှေ့ကြေး (relocation fee) ကိုလည်း ပြောင်းရွှေ့တပ်ဆင်သည့်လမှ စ၍ တစ်လလျှင် ၃,၀၀၀ ကျပ်ဖြင့် ၆ လ အရစ်ကျ ကောက်ခံပေးသွားမည်ဖြစ်ပါသည်။ မြန်မာနက် အင်တာနက်


လစဥ်ကြေးပေးပြီးတိုင်း Receipt SMS စစ်ပေးရန် အသိပေးခြင်း

မင်္ဂလာပါမြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ… အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်မှုယူထားသော မြန်မာနက်အသုံးပြုသူများအနေဖြင့် လစဉ်ကြေးပေးသွင်းပြီးသည့်အခါတိုင်း လက်ခံရရှိကြောင်း SMS  ပြေစာ ရောက်မရောက် ပြန်လည် စစ်ဆေးပေး ကြပါရန် လေးစားစွာ အသိပေး အကြောင်း ကြားအပ်ပါသည်။ ထိုလစဉ်ကြေးလက်ခံ ရရှိ ကြောင်း SMS ကို စစ်ဆေးခြင်းဖြင့် မိမိတို့ ပေးသွင်းမှု  အောင်မြင်ခြင်း ရှိမရှိ အတည်ပြု နိုင်ပါ သည်။


စတိုးဆိုင်များ ပိတ်ထားခြင်းနှင့် လစဉ်ကြေးကောက်ခံမှုဆိုင်ရာကြေညာချက်

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား …လက်ရှိဖြစ်ပေါ်လျက်ရှိသော COVID 19 ရောဂါအခြေအနေများကြောင့် မြန်မာနက်စတိုးဆိုင်များကို ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၆ ရက်တွင် စတိုးဆိုင်များကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် လစဉ်ကြေးများကို ထိုနေ့မှ စတင်၍ ပြန်လည်ပေးသွင်းနိုင်ပြီဖြစ်ပါသည်။ဇူလိုင် ၂၅ ရက်နေ့တွင် လစဉ်ကြေးနောက်ဆုံးပေးဆောင်ရမည့် သုံးစွဲသူများအားလုံးသည် ဇူလိုင် ၂၆ ရက်နေ့အထိ ငွေပေးဆောင်ခြင်း မရှိခဲ့ပါက အင်တာနက်လိုင်းများကို ဇူလိုင် ၂၇ ရက်တွင် ဆိုင်းငံ့ ဖြတ်တောက်သွားမည်ဖြ စ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။


“မြန်မာနက် pack များနှင့် အိမ်ပြင်သုံးကတ်များကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးခြင်း”

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား … မမျှော်လင့်သော အခက်အခဲများကြောင့် ယာယီပိတ်ထားခဲ့သော မြန်မာနက် အဝသုံး pack များ၊ ဒေတာ pack များ နှင့် အိမ်ပြင်သုံးကတ်များကို ယခုအခါတွင် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။ လူကြီးမင်းတို့ သုံးစွဲလက်စဖြစ်သော pack ၏ လက်ကျန် ရက်များ (သို့မဟုတ်) လက်ကျန်ဒေတာများကို ယခင် username နှင့် password ဖြင့် ဇွန်လ ၁၂ ရက်နေ့မှ စတင်သုံးစွဲနိုင်မည်ဖြစ်ပါသည်။ အဆင်မပြေများအပေါ် နားလည်ပေးခြင်းနှင့် ယုံကြည်စွာသုံးစွဲကြသူများအား မြန်မာနက်အင်တာနက်မှ အထူးကျေးဇူးတင်လျှက်ရှိပါသည်။ မြန်မာနက်


မြန်မာနက်ဝန်ဆောင်မှုဌာန ဖုန်းနံပါတ်များ

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ … Hotline ဖုန်း နံပါတ် 09 765444150 မှာ လစဉ်ကြေးပေးဆောင်ပြီး အမြန်ဆုံးလိုင်းပြန်လည်ရရှိစေရန် သီးသန့်ဝန်ဆောင်မှုပေးသော ဖုန်း နံပါတ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခြားသောလိုအပ်ချက်များအတွက် အောက်ဖော်ပြပါ မြန်မာနက်ဝန်ဆောင်မှုဌာနသို့သာ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လစဉ်ကြေး ၂၄,၀၀၀ ကျပ် နှင့်အထက် မြန်မာနက်ပလပ်စ် လစဥ်သုံးအစီအစဥ်များအတွက် အင်တာနက်လိုင်း အသစ်တပ်ဆင်ရန်နှင့် အင်တာနက်လိုင်းဆိုင်ရာ အခက်အခဲများရှိပါက 09 76533 8441 သို့လည်းကောင်း၊လစဉ်ကြေး ၂၀,၀၀၀ ကျပ်နှင့်အောက် မြန်မာနက် လစဥ်သုံးအစီအစဥ်များအတွက် 09 76533 8440 သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ကာလ ၂၀၂၁ ဧပြီလ ၁၄ ရက် မှ ၁၇ ရက် အတွင်း ဖုန်းပြန်လည်ဖြေကြားခြင်းများကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး ၂၀၂၁ ဧပြီလ ၁၈ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ […]


မြန်မာနက်တပ်ဆင်ကြေး ပြောင်းလဲခြင်းအသိပေးကြေညာချက်

မြန်မာနက်တပ်ဆင်ကြေး ပြောင်းလဲခြင်းအသိပေးကြေညာချက် မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ … အသုံးပြုသူများအတွက် အစဥ်အမြဲ ဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် လတ်တလောအခြေအနေတွင် အထွေထွေကုန်ကျစရိတ်များ နေ့စဉ်နှင့်အမျှမြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိရာ ယခုအခါတွင် မလွဲမရှောင်သာ၍ တပ်ဆင်မှုနှုန်းထားများကို ပြောင်းလဲတိုးမြှင့်ခဲ့ရပါသည်။ အထက်ပါအကြောင်းအရာများကြောင့် မြန်မာနက်နှင့် မြန်မာနက်ပလပ်စ် တပ်ဆင်မှု နှုန်းထားများကို ဧပြီလ ၁၈ ရက်မှ စတင်၍ ယခင် ၉,၀၀၀ ကျပ် မှ ယခု ၁၉,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာသုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်။ မြန်မာနက် အင်တာနက်


လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက် (ဧပြီလ ၈ ရက် ၂၀၂၁)

မင်္ဂလာပါ… မြန်မာနက်မှ  လတ်တလောကာလအတွင်း အိမ်အရောက် ငွေကောက်ခံသည့် ၀န်ဆောင်မှုကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနက်စတိုးများအားလုံးကိုလည်း နေ့စဉ်နီးပါးဖွင့်နိုင်အောင် ကြိုးစားပေးခဲ့ပါသည်။ သို့သော်လည်း ၂ လကျော်သည့်တိုင်အောင် လစဉ်ကြေးလာရောက် ပေးသွင်းခြင်းမရှိသည့် Customer အချို့ကြောင့် လိုင်းများဖြတ်တောက်လိုက်ရခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။ လစဥ်ကြေးပေးဆောင်ပြီး အမြန်ဆုံးလိုင်းပြန်လည်ရရှိရန် Hotlineနံပါတ် 09 765 444 150 ကိုဆက်သွယ်နိုင်ပါသည်။ လစဥ်ကြေးများကို နီးစပ်ရာမြန်မာနက်စတိုးများ၊ မြန်မာနက် အ‌‌ရောင်းကိုယ်စားလှယ်ဆိုင်များနှင့်  KBZ, AYA,CB Mobile Banking နှင့် CB Pay များမှ တဆင့်ပေးချေနိုင်ပါသည်။ လတ်တလောအချိန်တွင် အင်တာနက်ဆိုင်ရာ အခက်အခဲများနှင့် လိုင်းအသစ်တပ်ဆင်မှုတို့ကြောင့် ဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက်ရှိနေပါသဖြင့်  ဖုန်းခေါ်ဆိုရာတွင် ကြန့်ကြာခြင်းများ ဖြစ်ပေါ်နေသည့်အပေါ်  နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။ အသုံးပြုသူများအတွက် […]


မြန်မာနက် pack များနှင့်ပတ်သက်၍ အသိပေးခြင်း

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျား … သုံးစွဲသူများအဆင်ပြေစေရန် မြန်မာနက်မှ အစဉ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါသော်လည်း မမျှော်လင့်သော အခက်အခဲများကြောင့် မြန်မာနက် အဝသုံး pack များ၊ ဒေတာ pack များ နှင့် အိမ်ပြင်သုံးကတ်များ သုံးစွဲနိုင်မှုအား ယနေ့ ၂၀၂၁ မတ်လ ၁၇ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။ လစဉ်သုံး (စက်ဖြင့်သုံး CPE) အင်တာနက် အစီအစဉ်များ မပါဝင်ပါ။ လူကြီးမင်းတို့ လက်ရှိသုံးစွဲလက်စဖြစ်သော pack ၏ လက်ကျန် ရက်များ (သို့မဟုတ်) လက်ကျန်ဒေတာများကို အသုံးပြုခွင့်ပြန်လည်ရရှိချိန်တွင် ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပါသဖြင့် username နှင့် password များကို သိမ်းဆည်းထားပေးပါရန် အသိပေးအပ်ပါသည်။ မြန်မာနက်အင်တာနက်ကို ယုံကြည်စွာသုံးစွဲကြသူများအား အထူးကျေးဇူးတင်လျှက်ရှိပြီး အဆင်မပြေများအပေါ် နားလည်ပေးပါရန် မြန်မာနက်မှ အလေးအနက်ထားပန်ကြားအပ်ပါသည်။ […]