လုပ်ငန်းသုံးအင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာ ကြေညာချက် (၂၀၂၃ စက်တင်ဘာလ ၁၉ ရက်)

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

မြန်မာနက်အနေဖြင့် စက်ကိရိယာများနှင့် ကုန်ကြမ်းများ၏ဈေးနှုန်းများ၊ အထွေထွေကုန်ကျစရိတ်များ မြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိရာ ထိုကုန်ကျစရိတ်များကာမိစေရန် မလွဲမရှောင်သာ၍ မြန်မာနက်လုပ်ငန်းသုံးအင်တာနက်အစီအစဉ်၏ ဈေးနှုန်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလစဉ်ကြေးမှ စတင်ကာ ကျပ် ၂,၀၀၀ စီ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

အခြေအနေအရပ်ရပ်ကို နားလည်ပေးပြီး မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။

မြန်မာနက် လုပ်ငန်းသုံး အင်တာနက် အစီအစဉ်

  • ၃၇,၀၀၀ ကျပ် (ယခင် ၃၅,၀၀၀ ကျပ်) – မြန်နှုန်း 31.2 Mbps (ယခင် 30 Mbps)
  • ၅၀,၀၀၀ ကျပ် (ယခင် ၄၈,၀၀၀ ကျပ်) – မြန်နှုန်း 43 Mbps (ယခင် 42 Mbps)
  • ၆၃,၀၀၀ ကျပ် (ယခင် ၆၁,၀၀၀ ကျပ်) – မြန်နှုန်း 54 Mbps
  • ၇၂,၀၀၀ ကျပ် (ယခင် ၇၀,၀၀၀ ကျပ်) – မြန်နှုန်း 62 Mbps
  • ၉၂,၀၀၀ ကျပ် (ယခင် ၉၀,၀၀၀ ကျပ်) – မြန်နှုန်း 80 Mbps
  • ၁၀၈,၀၀၀ ကျပ် (ယခင် ၁၀၆,၀၀၀ ကျပ်) – မြန်နှုန်း 100.6 Mbps (ယခင် 100 Mbps)
  • ၁၃၂,၀၀၀ ကျပ် (ယခင် ၁၃၀,၀၀၀ ကျပ်) – မြန်နှုန်း 123 Mbps (၁,၀၀၂,၀၀၀ ကျပ်အထိအခြားအစီအစဥ်များလည်းပါဝင်ပါသည်။)